Monday, April 11, 2011

ရွက်ကြမ်းရေ

ရဟန်းဖြစ်တဲ့နှစ်တုန်းက နွေကျောင်းပိတ်ရက် ရွာပြန်တော့ စီနီယာ သူငယ်ချင်း ဆရာတော်တစ်ပါး ရွာအလည်လိုက်လာတယ်။ အိမ်ထောင်ကျခါစ ရွာထဲက သူငယ်ချင်း ဒကာလေး တစ်ယောက်က ဧည့်သည်ဆရာတော်နဲ့လည်း သိတဲ့အတွက် ကြုံကြိုက်တုန်း စုံတွဲလာကန်တော့ကြတယ်။ စုံတွဲပြန်သွားတော့ ဧည်သည်ဆရာတော်က မှတ်ချက်ချတယ်။

“မဆိုးပါဘူး။ ကောင်မလေးက ရွက်ကြမ်းရေချိုလေးပဲ။”

သူက ကောင်မလေးရဲ့ ရုပ်ရည်ကို အကဲဖြတ်တာ။ သူ့စကားက “ရွက်ကြမ်းရေဂျို”တဲ့။ ဂငယ်သံနဲ့ပြောတာ။ အဲဒီစကားအသုံး တစ်ခါမှ မကြားဖူးပေမယ့် “ရွက်ကြမ်းရေချို”လို့ သဘောပေါက်လိုက်တယ်။ ဥပမာ ဟင်းရွက်ပေါ့။ အရွက်က နုနုထွတ်ထွတ် အကောင်းစားကြီး မဟုတ်ဘဲ ခပ်ကြမ်းကြမ်း ဖြစ်နေပေမယ့် ချက်စားတော့ အရသာက ချိုချို။ ဟင်းရည်ချိုချို။ ရွက်ကြမ်းရေချို။ ကောင်မလေး အချောအလှကြီးလည်း မဟုတ်။ နာတာပူအောင် အရုပ်ဆိုးတာလည်း မဟုတ်။ ရုပ်ရည် အတန်အသင့်။

ခုတစ်ခါတော့ စာနဲ့ရေးထားတာ။ “ရွက်ကြမ်းရေကြို”တဲ့။ အသံထွက်နဲ့ နားလည်မိတဲ့ အဓိပ္ပာယ်ကတော့ တူပါတယ်။ မှားယွင်းမှု အတန်အသင့်။

No comments:

Post a Comment