Sunday, April 10, 2011

ငုတမ်းချင်း



ငုနှင့်ပိတောက် နွေမှာလှိုင်၊
သင်းပျံ့မွှေးကြိုင်ကြိုင်။
အပြိုင်အဆိုင် ယှဉ်ဘက်ကင်း၊
လှရက်ပါဘိခြင်း။

ခုဖြင့်တစ်ယောက် ဧပြီမှာ၊
ဂိုးဂွင့်ဂွက်ဂွေရှာ။
ကံနှင့်ကြမ္မာ ၀ဋ်မကင်း၊
မနမ်းထိုက်လေခြင်း။

မင်းသုဝဏ်ကြီး ကဗျာစီ၊
ပန်းဂုဏ်ဖွဲ့ဖို့ရည်။
တစ်ရံခါဆီ စိတ်ညွတ်မိ၊
လွမ်းဆွတ်ရပါဘိ။


:)
ရှင်အာစာရ

Picture from (10 Apr 2011):
http://www.artquotes.net/masters/hirst/helios.htm

No comments:

Post a Comment