Tuesday, March 1, 2011

Quotes (Thomas Carlyle) - ဆိုစကားများ (သောမတ်စ်ကာလိုင်း)


(Scottish, 4 December 1795 – 5 February 1881)


A loving heart is the beginning of all knowledge.
ချစ်ခင်တတ်တဲ့ နှစ်လုံးသားဟာ အသိပညာ အားလုံးရဲ့ မူလအစ ဖြစ်ပါတယ်။

A man lives by believing something: not by debating and arguing about many things.
လူဆိုတာ တစ်ခုခုကို ယုံကြည်ရင်း အသက်ရှင်ရပါတယ်။ အခြေအတင်တွေ အများကြီးပြော အငြင်းတွေ အများကြီးပွား မနေရပါဘူး။

A man without a goal is like a ship without a rudder.
ရည်ရွယ်ချက် မရှိတဲ့လူဟာ ပဲ့ထိန်းမပါတဲ့ သင်္ဘောနဲ့ တူပါတယ်။

All great peoples are conservative.
ကြီးကျယ်သူတွေ အားလုံးဟာ ရှေးရိုးစွဲတွေ ဖြစ်ကြပါတယ်။

Be not a slave of words.
စကားလုံးတွေရဲ့ ကျွန် မဖြစ်ပါစေနဲ့။

Clever men are good, but they are not the best.
လိမ္မာပါးနပ်သူတွေဟာ ကောင်းကြပါတယ်။ အကောင်းဆုံးတွေတော့ မဟုတ်ကြပါဘူး။

Conviction is worthless unless it is converted into conduct.
ခံယူချက်ဟာ လက်တွေ့အကောင်အထည် မဖော်ရင် အသုံးမ၀င်ပါဘူး။

Do the duty which lies nearest to you, the second duty will then become clearer.
အနီးဆုံး တာဝန်ကို ဆောင်ရွက်ပါ။ ဒုတိယ တာဝန်ဟာ ရှင်းလင်းပြတ်သား လာပါလိမ့်မယ်။

Every noble work is at first impossible.
မြင့်မြတ်တဲ့ အလုပ်မှန်သမျှဟာ အစပိုင်းမှာ ဖြစ်နိုင်ချေ မရှိပါဘူး။

Go as far as you can see; when you get there you'll be able to see farther.
မျက်စိတစ်ဆုံး မြင်နိုင်လောက်တဲ့အထိ သွားပါ။ အဲဒီနေရာရောက်ရင် ပိုပြီးတော့ မြင်နိုင်ပါလိမ့်အုံးမယ်။

He who could foresee affairs three days in advance would be rich for thousands of years.
အရေးကိစ္စတွေကို သုံးရက်စာ ကြိုမြင်နိုင်တဲ့သူဟာ နှစ်တွေ ထောင်ချီအောင် ချမ်းသာပါလိမ့်မယ်။

He who has health, has hope; and he who has hope, has everything.
ကျန်းမာတဲ့သူဟာ မျှော်လင့်နိုင်ပါတယ်။ မျှော်လင့်ချက် ရှိတဲ့သူမှာ အရာအားလုံး ရှိပါတယ်။

History shows that the majority of people that have done anything great have passed their youth in seclusion.
ကြီးကြီးကျယ်ကျယ် လုပ်ဆောင်နိုင်ခဲ့တဲ့လူ အများစုဟာ ငယ်ရွယ်စဉ်မှာ အထီးကျန်နေခဲ့တယ် ဆိုတာကို သမိုင်းက ဖော်ပြနေပါတယ်။

I don't like to talk much with people who always agree with me.
ကျုပ်ကို အမြဲတမ်းကြီး သဘောတူ ထောက်ခံနေတဲ့ သူတွေနဲ့ ကျုပ် စကားများများ မပြောချင်ဘူး။

I've got a great ambition to die of exhaustion rather than boredom.
ပျင်းရိငြီးငွေ့ နေရမှာထက်စာရင် ခြေကုန်လက်ပန်းကျပြီးတော့ပဲ သေလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးတစ်ခု ကျုပ်မှာရှိတယ်။

If what you have done is unjust, you have not succeeded.
ခင်များ လုပ်လိုက်တာက မတရားဘူးဆိုရင် ခင်များ မအောင်မြင်ပါဘူး။

If you are ever in doubt as to whether to kiss a pretty girl, always give her the benefit of the doubt.
ကောင်မ ချောချောလေးကို နမ်းရမလား မနမ်းရဘူးလား ဆိုတာ ခင်များ သံသယ ဖြစ်နေမယ်ဆိုရင် အဲဒီကောင်မလေးကို သံသယအကျိုး ခံစားခွင့် ပေးလိုက်ပါ။

It is a vain hope to make people happy by politics.
နိုင်ငံရေးအားဖြင့် လူတွေကို ပျော်ရွှင်အောင် လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ အလကားပါ။

It is the heart always that sees, before the head can see.
ဦးခေါင်းက မမြင်နိုင်သေးခင်မှာ နှလုံးသားက အရင်မြင်ပါတယ်။

Man is a tool-using animal. Without tools he is nothing, with tools he is all.
လူဟာ လက်နက်ကိရိယာ အသုံးပြုတဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ လက်နက်ကိရိယာ မရှိရင် ဘာမှ မလုပ်တတ်တော့ဘူး။ ရှိရင်တော့ အကုန်ရတယ်။

Men do less than they ought, unless they do all that they can.
လူတွေ အစွမ်းကုန် မလုပ်ကြဘူးဆိုရင် လုပ်သင့်သလောက် မလုပ်ကြဘူးလို့ အဓိပ္ပာယ်ရပါတယ်။

No great man lives in vain. The history of the world is but the biography of great men.
ဘယ် ကြီးမြတ်တဲ့သူမှ အချည်းနှီး မရှင်သန်ခဲ့ကြပါဘူး။ ကမ္ဘာ့သမိုင်း ဆိုတာဟာ ကြီးမြတ်သူတွေရဲ့ အတ္ထုပ္ပတ္တိသာ ဖြစ်ပါတယ်။

No man who has once heartily and wholly laughed can be altogether irreclaimably bad.
လူတစ်ယောက်ဟာ တစ်ကြိမ်တစ်ခါ အူလှိုက်သည်းလှိုက် လွတ်လွတ်ပွင့်ပွင့် ရယ်ဖူးတယ်ဆိုရင် သူ့ကို ဆိုးတယ်လို့ ပြောလို့မရတော့ပါဘူး။

No pressure, no diamonds.
ဖိအားမရှိရင် စိန်ဖြစ်မလာနိုင်ဘူး။

Nothing is more terrible than activity without insight.
ဉာဏ်အမြင် ကင်းမဲ့တဲ့ လုပ်ဆောင်မှုလောက် ကြောက်စရာကောင်းတဲ့အရာ မရှိပါဘူး။

Nothing stops the man who desires to achieve.
စွမ်းဆောင်ဖို့ ဆန္ဒပြင်းပြတဲ့သူကို ဘယ်အရာကမှ မဟန့်တားနိုင်ပါဘူး။

Science must have originated in the feeling that something was wrong.
တစ်ခုခု မှားနေတယ်ဆိုတဲ့ ခံစားချက်ကနေ သိပ္ပံပညာ ပေါ်ပေါက်လာတာ ဖြစ်ရမယ်။

Show me the man you honor, and I will know what kind of man you are.
ခင်များ လေးစားဂုဏ်ပြုတဲ့သူကို ပြပါ။ ခင်များ ဘယ်လိုလူလည်းဆိုတာ ကျုပ်သိပါလိမ့်မယ်။

The fearful unbelief is unbelief in yourself.
ကြောက်စရာကောင်းတဲ့ မယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ခြင်း ဖြစ်ပါတယ်။

The true university of these days is a collection of books.
ဒီနေ့ခေတ် တက္ကသိုလ်အစစ် ဆိုတာဟာ စုဆောင်းထားတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

Thought is the parent of the deed.
အတွေးဟာ အလုပ်ရဲ့ မိဘ ဖြစ်ပါတယ်။

Work alone is noble.
အလုပ်သာလျှင် မြင့်မြတ်ပါတယ်။

:)
ရှင်အာစာရ

Ref:
http://www.brainyquote.com/quotes/authors/t/thomas_carlyle.html

Picture from (1 March 2011):
http://www.scotiana.com/thomas-carlyle-a-remarkable-scottish-writer-and-author-of-sartor-resartus/

No comments:

Post a Comment