ရွာက ကလေးတွေကို ဟောခဲ့တဲ့ တရား ဖြစ်ပါတယ်။
အသံပိုင်းဆိုင်ရာ စက်မှုနည်းပညာ မထွန်းကားသေးတဲ့ နေရာမှာ ဟောရတာမို့ ထင်ပါတယ် . . .။
ဗီဇအသံသြဇာ မကောင်းလှတဲ့ ဓမ္မကထိက အသစ်မို့လည်း ဖြစ်မှာပေါ့ . . .။
ဒါတောင်မှ လာမယ့် နှစ်တစ်ရာ အတွင်းမှာ ရှားပါး အသံဖိုင်တစ်ခု ဖြစ်လာနိုင်ပါတယ်။
အချိန်ရတဲ့အခါ နားနား နားနားပြီး နာနာ နားထောင်နိုင်ကြပါစေကုန်သတည်း . . .။
မင်္ဂလာရှိပါစေ။
:)
ပထမအကြိမ် လူငယ်တရားစခန်းပွဲ
တန်ခူးလပြည့်ကျော် (၁၀)ရက်မှ တန်ခူးလကွယ်အထိ၊ ၁၃၆၈-ခုနှစ်
ရင်းရဲဘ-ကပညာရေးကျောင်း၊ ရင်းရဲရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်း
အရှင်ဘုရား တရားဟော ကောင်းပါတယ်ဘုရား။ သာဓု-၃ ပါ။ တရားထောက်တွေ မြိုင် မြိုင်ဆိုင်ဆိုင်နဲ့ - Two way communication -လည်းဖြစ်ပါတယ်။
ReplyDeleteအရှင်ဘုရားရဲ့အသံတော်ကကြည်လင်ပြတ်သား
ReplyDeleteတည်ငြိမ်လေးနက်လှပါတယ်။
အရှင်ဘုရားတို့ အဆုံးအမကြောင့်မို့ 
ကလေးတွေကလည်းသိပ်ကိုတော်ကြပါတယ်။
တကယ့်ကိုမင်္ဂလာရှိတဲ့တရားတော်ကိုနာရတဲ့အတွက်
ကျေးဇူးအနန္တစင်္ကြာဝဠာပါဘုရား။
ငယ်နိုင်တွေကို ဟောတာမို့ ရဲနေတာ။ :)
ReplyDeleteနားနားပြီး နားမထောင်ရသေးခင် လိုင်းမကောင်းလို့ နားနားပြီးဒေါင်းသွားပါတယ်
ReplyDeleteပြီးမှပဲ နားနားနေနေနဲ့နာနာနားထောင်တော့မယ်ဘုရား.. :P