Saturday, February 5, 2011

Frying Egg - ကြက်ဥကြော်ခြင်း


မောင်ဖိုးသားမှာ သံသယ ရှိနေပါသတဲ့။
ကြက်ဥ ဘဲဥတွေ ရှောင်သင့် မရှောင်သင့်.. စားရတာ စိတ်ထဲ တစ်မျိုး ဖြစ်နေတယ် ဘုန်းဘုန်း..”တဲ့။
အကောင်ပေါက်မဲ့ ကြက်ဥ ဘဲဥ ဟုတ်မဟုတ်က မသေချာတော့.. ရှောင်တာပဲ ကောင်းမယ်ထင်တယ်နော ဘုရား..”တဲ့။
အိမ်က အမေ့ကိုပါ ပြောပြပြီး ရှောင်ခိုင်းရမယ်..”တဲ့။

အမေ့ထက် သားတစ်လကြီး” ဆိုတာ ဒါမျိုး နေမှာပေါ့။
အဏုမတ္တေသု ၀ဇ္ဇေသု ဘယဒဿာဝီ၊ အဏုမြူလောက်သာရှိတဲ့ အပြစ်ကိုတောင် ကြောက်လန့်တယ်ဆိုတာကို အားကျလို့ နေမှာပေါ့။
အကောင်ပေါက်မယ့်ဥမှာ အသက်ပါတဲ့အတွက် ဥကို ဖျက်ရင် ပါဏာတိပါတ ဖြစ်တာပေါ့။

ဒီကနေ တစ်ခု သတိရမိတယ်။ မင်္ဂလာဦး တရားဟောတဲ့ ဘုန်းကြီးတစ်ပါးတဲ့။ ရွာက ကျောင်းထိုင်ဆရာတော် ပြန်ပြောပြတာပါ။ သူ ကိုယ်တိုင် ကြုံခဲ့ရတာလို့ ပြောတာပဲ။ ရယ်ရတာ ပိုအသက်ဝင်အောင် ကြားဖူးနားဝကို သူ့ ကိုယ်တွေ့လိုမျိုး ကြံဖန်ပြောတာလည်း ဖြစ်နိုင်ပါတယ်။

ဆရာတော်တစ်ပါက မင်္ဂလာဆောင်တစ်ခုမှာ မင်္ဂလာ မောင်နှံကို ထုံးစံအတိုင်း လင်ကျင့်ဝတ် မယားကျင့်ဝတ်တွေ ဟောပြီးတဲ့နောက် သြ၀ါဒ ပေးသတဲ့။
သတိုးသမီးအတွက် အထူး မှာစရာ ရှိသေးသဗျား။ ညည်းတို့နော် ကိုယ့်ယောက်ျားကို ချစ်လှချေရဲ့ဆိုပြီး ကြက်ဥများ ကြော်မကျွေးလိုက်ကြနဲ့။ ခံတော့ ကိုယ်ပဲ ခံရမှာ”လို့ မိန့်သတဲ့။

အဲဒီသြ၀ါဒကို အတွေးပေါက်ပြီး ရယ်ကြပါသတဲ့။ ဘာကို ဘယ်လို အတွေးပေါက်သလဲ ဆိုတာတော့ ကိုယ့်ဟာကိုယ်သာ တွေးကြည့်ကြပါတော့။

Photo from (6/1/11):
http://3.bp.blogspot.com/_E6XfbXVvFNI/TTILadCOXwI/AAAAAAAAqpM/Pdn76SkoHIY/s1600/PyayTi_Eaindra059.jpg

No comments:

Post a Comment