(. . . . . မှ အဆက်)
သုဒ္ဓေါဒန မင်းကြီးသည် နှုတ်ဆိတ်ငြိမ်သက်နေ၏။ အမတ်ချုပ််ကြီး ဥဒယသည် မျက်လွှာချလျက် အတွေးနယ်ချဲ့နေ၏။ အတန်ငယ် ကြာသည်ထိ မည်သူမျှ စကားမဆိုပေ။ မင်းကြီးသည် သားတော် သိဒ္ဓတ္ထကို ပြောဆိုခြင်းဖြင့် တိတ်ဆိတ်မှုကို ဖြိုးခွင်းလိုက်၏။
“သားတော် . . .။ ခမည်းတော်ဖြင့် သားတော်ကို နားမလည်နိုင်အောင်ပါပဲ။”
“ခမည်းတော် ဘုရား။ သားတော်ကို ခမည်းတော် နားမလည်သလို သားတော် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်ပါ ဘုရား။ သစ္စာတရား ရှာဖွေဖို့ တစ်ခုတည်းကိုပဲ သားတော် ဆန္ဒရှိပါတယ် ဘုရား။ ရှာခွင့်ပြုပါ ခမည်းတော်။ ကမ္ဘာလောကအကြောင်း လူသားတွေအကြောင်း အမှန်တရားကို ဖော်ထုတ်ဖို့ နှစ်အနည်းငယ် ကြာပါလိမ့်မယ် ဘုရား။ အဲဒီနောက်တော့ ခမည်းတော် ဆန္ဒရှိတဲ့အတိုင်း သကျနေပြည်တော်ရဲ့ ထီးမွေနန်းမွေကို ဆက်ခံပါ့မယ် ဘုရား။”
သုဒ္ဓေါဒန မည်းကြီးသည် မတ်တတ်ရပ်လိုက်၏။ မင်းကြီး ပျော်ရွှင်တော်မမူပေ။ ကျေလွင့်ပျက်သုဉ်းဆဲ မျှော်လင့်ချက်များကို ကိုယ်စားပြုလျက် သက်ပြင်းတစ်ချက် ချလိုက်သည်။ သိဒ္ဓတ္ထမင်းသား ဖွားမြင်စဉ်က မိန့်ကြားခဲ့သော ပညာရှိပုဏ္ဏားကြီး ကောဏ္ဍည၏ ရှင်းလင်းပြတ်သား တိကျသည့် နိမိတ်ဖတ်သံကို မင်းကြီး ကြားယောင်မိသည်။ တိုးလျကြေကွဲသော ဝမ်းနည်းသံဖြင့် မင်းသားကို ပြော၏။
“သားတော်။ သားတော်အတွက် ကြေကွဲလွန်းလို့ အိပ်ယာထဲမှာ နားလိုက်ဦးမယ်။”
မင်းကြီး၏ တိုးလျသော စကားလုံးများသည် မင်းသား၏ နှလုံးသားကို ထိုးဆွနိုင်လောက်အောင် စူးစူးရှရှ ထက်ထက်မြမြ ရှိပေသည်။
မင်းကြီးသည် ခေါင်းငိုက်စိုက်နှင့် မျက်လွှာချရင်း ဖြည်းလေးစွာ လျှောက်လှမ်းသွား၏။ သိဒ္ဓတ္ထမင်းသားသည် သောကသည် ဖခင်ကြီးကို လိုက်ကြည့်နေရင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရန် အခက်တွေ့နေ၏။ မင်းသားသည် အမတ်ချုပ်ကြီးကို ကြည့်လိုက်၏။ ထို့နောက် ထိုင်ချလိုက်ပြန်သည်။ ဥဒယသည် တုန်လှုပ်သော အသံဖြင့် ပြောဆို၏။
“အရှင်မင်းသား။ ဖခင်ရဲ့ စိတ်နှလုံးကို ထိခိုက်နာကြင်အောင် လုပ်တာဟာ ပူဆွေးကြေကွဲရမယ့် မှားယွင်းမှု ဖြစ်ပါတယ်။ မင်းကြီးဟာ အရှင်မင်းသားကို အသက်ထက် ပိုချစ်ပါတယ်။ ဒီတော့ သူ့ကို စိတ်ထိခိုက်အောင် လုပ်တာဟာ ကြီးလေးတဲ့ ပြစ်မှု ဖြစ်ပါတယ်။ ခု ချက်ချင်းလိုက်သွားပြီး မင်းကြီးကို ဖြေသိမ့်လိုက်ပါ အရှင့်သား။”
“အမတ်ချုပ်ကြီး။ ကျွန်တော်မျိုး ဘာ အမှားလုပ်မိတယ်ဆိုတာ နားမလည်တော့ပါဘူး။”
“အရှင်မင်းသား။ မင်းကြီးဟာ အရှင့်သားကြောင့် ပူဆွေးသောက ရောက်နေတာပါ။ အရှင်မင်းသား လူ့ဘောင်ကို စွန့်ခွာပြီး သင်္ကန်းဝတ်သွားမှာ ရသေ့ရဟန်းလုပ်သွားမှာကို သူ စိုးပူနေတာပေါ့။ အရှင်မင်းသား မိန့်ကြားလိုက်တဲ့ စကားတွေကြောင့် ပိုပြီးတော့ စိတ်ပျက်သွားသေးတယ်။ လူ့ဘောင်ကို မစွန့်ပါဘူး၊ ရသေ့ရဟန်း မလုပ်ပါဘူးလို့ မင်းကြီးကို ကတိပေးလိုက်စမ်းပါ အရှင့်သား။”
“အမတ်ချုပ်ကြီး။ ကျွန်တော်မျိုးမှာ အဲဒီလို တောထွက်ဖို့စိတ်ကူး မရှိသေးပါဘူး။ နောက်နောင် ဖြစ်လာမလား ဆိုတာတော့ မသိနိုင်ပါဘူး။ ခု လောလောဆယ်တော့ သစ္စာတရား ရှာဖွေဖို့ပဲ ဆန္ဒရှိပါတယ်။”
ဥဒယသည် ဝမ်းသာအဲလဲ ဆို၏။
“ဒါဆိုရင် မြန်မြန်လုပ်စမ်းပါ အရှင့်သား။ မင်းကြီးနောက်ကို မြန်မြန်လိုက်သွားပြီး တောထွက်ဖို့ စိတ်ကူးမရှိသေးဘူး ဆိုတဲ့အကြောင်း လျှောက်တင်လိုက်စမ်းပါ။”
သုဒ္ဓေါဒန မင်းကြီးသည် အိပ်ယာထိပ်၌ အလျားမှောက်လျက် ရှိနေ၏။ သားတော်ကို မျှော်လင့်ခဲ့ခြင်းများ လွင့်ပြယ်လေပြီဟု ခံယူထားလိုက်ဟန်ရှိသည်။
သိဒ္ဓတ္ထ မင်းသားသည် ခမည်းတော် မင်းကြီး၏ ခြေတော်ရင်း၌ ရပ်လျက်ခစားရင်း “ခွင့်လွှတ်ပါ ခမည်းတော်ဘုရား”ဟု လျှောက်တင်လိုက်သည်တွင် မင်းကြီးသည် တွေတွေစီးကျနေသည့် မျက်ရည်များကို ကပျာကယာ သုတ်လိုက်ပြီး နီရဲနေသော မျက်လုံးအစုံကို ဖွင့်၍ သားတော်ကို ကြည့်လေ၏။
“ခမည်းတော် ဘုရား။ မခံမရပ်နိုင်လွန်းတဲ့ သောကနဲ့အတူ ခမည်းတော်ကို လာရောက်ဖူးမျှော်ပါတယ် ဘုရား။ စိုးရိမ်တော်မမူပါနဲ့ ခမည်းတော်။ တောထွက်ဖို့၊ ရသေ့ရဟန်းလုပ်ဖို့ ခုချိန်ထိ စိတ်မကူးမိသေးကြောင်း လျှောက်တင်ပါတယ် ဘုရား။ သားတော်မှာ သစ္စာတရား ရှာဖွေဖို့ပဲ စိတ်ကူးရှိပါတယ် ဘုရား။”
မင်းကြီးသည် သားတော်ကို အနူးအညွတ် တောင်းပန်၏။
“သားတော် ရယ် . . .။ ဒီစကားမျိုးက ခမည်းတော်ကို ဘယ်လိုများ နှစ်သိမ့်နိုင်မှာလဲ။ ဘယ်တော့မှ တောမထွက်ပါဘူးလို့ ကတိပေးစမ်းပါ။ သကျတွေရဲ့ ခေါင်းဆောင်တာဝန်ကို လွှဲပြောင်းယူပါ့မယ်၊ သကျနေပြည်တော်ကို ကာကွယ်စောင့်ရှောက်ပါမယ့်လို့ ကတိပေးစမ်းပါ။ သားတော်ဆီက ဒီကတိကိုပဲ တောင်းခံပါတယ်။”
“ခမည်းတော် . . . ။ နောက်နောင်မှာ သားတော် ဘယ်လို စိတ်ကူးပေါက်လာမလဲ ဆိုတာကိုတော့ ကြိုမပြောနိုင်ပါ ဘုရား။ သကျနေပြည်တော်ရဲ့ ထီးမွေနန်းမွေဆိုတဲ့ ခမည်းတော်ရဲ့ ပြင်းပြတဲ့ ဆန္ဒတော်နဲ့ ပတ်သက်လို့ကတော့ ပြတ်ပြတ်သားသား အဖြေပေးနိုင်ပါတယ် ဘုရား။ ခမည်းတော် နတ်ရွာစံပြီးတဲ့နောက် ထီးမွေနန်းမွေကို စောင့်ရှောက်ပါ့မယ် ဘုရား။ ဒါကိုတော့ ကတိပေးနိုင်ပါတယ် ဘုရား။”
မင်းကြီးသည် ပျော်ရွှင်စွာ မတ်တတ်ရပ်လိုက်ပြီး သားတော်ကို ပွေ့ဖက်ကာ ဝမ်းမြောက်ဝမ်းသာ မိန့်မြွက်လိုက်လေ၏။
“သားတော် ရယ် . . .။ ခမည်းတော်က ဒါမျိုး လိုချင်တာ။”

by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
ရေးတတ်လိုက်တာ... မျက်စိထဲမှာ သား အဖ နှစ်ယောက်ကို မြင်လာရတဲ့ အထိ.... ဖတ်နေရင်း ဖေဖေ့ကို လွမ်းလာတယ်....
ReplyDelete