Sunday, January 9, 2011

Quotes (Mark Twain) - ဆိုစကားများ (မာ့ခ်တွိန်း)


Mark Twain

Samuel Langhorne Clemens (better known by his pen name Mark Twain)
(American, November 30, 1835 – April 21, 1910)


A person who won't read has no advantage over one who can't read.
စာမဖတ်တဲ့သူဟာ စာမတတ်သူထက် ပိုပြီး ဘာအကျိုးထူးမှ ရမှာမဟုတ်ပါဘူး။

Better a broken promise than none at all.
လုံးဝ ကတိမပေးတာထက် ကတိမတည်တာက ပိုကောင်းပါတယ်။

Be careful about reading health books. You may die of a misprint.
ကျန်းမာရေးအကြောင်း ရေးတဲ့စာအုပ်တွေဖတ်ရင် သတိထားပါ။ ပုံနှိပ်အမှားကြောင့် အသက်သေရနိုင်ပါတယ်။

Giving up smoking is the easiest thing in the world. I know because I've done it thousands of times.
ဆေးလိပ်ဖြတ်ရတာဟာ ကမ္ဘာပေါ်မှာ အလွယ်ဆုံး အလုပ်ပဲ။ ကျုပ်ကိုယ်တိုင် အကြိမ်ပေါင်း ထောင်ချီပြီး ဆေးလိပ်ဖြတ်ဖူးလို့ ဒါကို သိတာ။

I have never taken any exercise except sleeping and resting.
အိပ်စက်ခြင်း နဲ့ အနားယူခြင်းကလွဲလို့ တစ်ခြားဘာလေ့ကျင့်ခန်းမှ ကျုပ်မလုပ်ဘူး။

Golf is a good walk spoiled.
ဂေါက်သီးရိုက်ခြင်းဟာ ဖျက်ဆီးခံလိုက်ရတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းကောင်း ဖြစ်ပါတယ်။

When you fish for love, bait with your heart, not your brain.
အချစ်(ငါး)ကို မျှားမယ်ဆိုရင် နှလုံးသားကို အစာတပ်ပါ။ ဦးနှောက်ကို မတပ်ပါနဲ့။

Always do right. This will gratify some people and astonish the rest.
မှန်တာကို အမြဲလုပ်ပါ။ လူတစ်ချို့ကို အကြိုက်တွေ့စေပါလိမ့်မယ်။ ကျန်တဲ့သူတွေကို အံ့အားသင့် စေပါလိမ့်မယ်။

The best way to cheer yourself up is to try to cheer somebody else up.
ကိုယ်တိုင်ပျော်ရွှင်ဖို့ အကောင်းဆုံးနည်းလမ်းဟာ သူတစ်ပါးကို ပျော်ရွှင်စေခြင်း ဖြစ်ပါတယ်။

All you need is ignorance and confidence and the success is sure.
မိုက်မဲမှု နဲ့ ယုံကြည်ချက်ပဲ လိုပါတယ်။ ဒါဆို အောင်မြင်မှုရဖို့ သေချာပါတယ်။

:)
ရှင်အာစာရ

Ref (8 November 2010):
http://www.brainyquote.com/quotes/authors/m/mark_twain.html
http://quotations.about.com/od/marktwainquotes/tp/10_mark_twain.htm
http://www.lib.berkeley.edu/give/bene62/MarkTwain.jpg

2 comments:

  1. ဘုန်းဘုန်းတင်တဲ့ ဆေးလိပ်ဖြတ်တာလေး ဖတ်မိတော့.. တပည့်တော်တို့ ဆရာပြောတာလေး သွားသတိရမိတယ်.. သူကျတော့ ဆေးလိပ်မဟုတ်ဘူး.. အရက်..

    "မင်းတို့တွေ အရက်သောက်တာက သောက်လေ၊ မစွဲစေနဲ့.. ငါဆိုရင် သောက်လာတာ နှစ်လေးဆယ်ရှိပြီ.. လုံးဝအရက်မစွဲဘူး" တဲ့ :P

    ဆရာဆိုတော့လည်း ဘယ်ပြန်ပြောရဲမှာလဲ ဘုန်းဘုန်း.. ဆရာမှားရင် sorry.. တပည့်မှားရင် ဗျောတီး ဆိုတော့ :)

    ReplyDelete
  2. မှတ်သာ ထားလိုက်။ ပြောရေးဆိုခွင့် ရှိလာတဲ့ အခါကျတော့ သြ၀ါဒပေးလို့ ရတာပေါ့။ :)

    ReplyDelete