Thursday, March 25, 2021

စိတ်မှန်း အင်တာဗျူး

Mar 24, 2021


"ဘုန်းဘုရား အနေနဲ့ . . . ခုလို အခါမျိုးမှာ ပရိသတ် အစုအဝေးတွေ တွေ့တွေ့နေရတော့ ဝါသနာဗီဇအတိုင်း ‌ဟောချင်ပြောချင်စိတ်တွေ မပေါက်မိဘူးလား။"
 
"အမှန်ကို ဝန်ခံရရင် . . . သိပ် ဟောချင်တာပေါ့။ မနည်း ထိန်းထားရတယ်။ မိုက်ကောင်းကောင်း အသံချဲ့စက်ကောင်းကောင်းနဲ့ နွှဲလိုက်ချင်တာ။ တရားဟောတယ် ဆိုတာကလည်း . . . တစ်ဦးတည်းအမြင် ပြောရရင် . . . သူတော်ကောင်းတရား ထွန်းကားဖို့ သာသနာပြုရတာက အန္တရာယ် ကင်းပါတယ်။ နာမည်ကောင်းရတယ်။ ထိုက်သင့်သလောက် နာမည်ကြီးတယ်။ ဓမ္မပူဇာ ပိုက်ဆံရတော့လည်း အနည်းနဲ့အများ ဆိုသလို . . . ပရဟိတ ဘာညာ ဒကာဒကာမ အကျိုးအတွက် ပြန်သုံးလို့ ရတာကိုး . . .။ သာသနာတော် သုံးရပ်ကို ထောက်ပံ့နိုင်တာပေါ့။ ကိုယ်သုံးချင်တဲ့ နေရာမှာလည်း ဖောဖောသီသီ သုံးလို့ရတယ်လေ။ ဟောချင်ရာဟော . . . ဟာသတွေ ပြောလည်း ရယ်ကြတာပဲ။ ဆူရင်ငေါက်ရင်လည်း ရတာပဲ။ သီချင်းဆိုလို့လည်း ရတာပဲ။ အထူးတရားပွဲ ပြောတာနော် . . .။ မှားတာတွေ ထောက်ပြဖို့ . . . အထူးသဖြင့် ခုလိုကာလမှာ အမှန်အမှား ခွဲခြားဝေဖန်ဖို့ကျတော့ . . . မတူဘူးလေ။ သိပ်ကို အန္တရာယ်များတယ်။ ဘယ်သူမှလည်း ဓမ္မပူဇာ လာလှူမှာ မဟုတ်ဘူး။ အခန့်မသင့်ရင် . . . ခုလိုကာလမှာ CDM ထောက်ပံ့ရေး ဘာညာနဲ့ လာပြီး အလှူခံရင် ခေတ်ကောင်းတုန်းက စုထားတဲ့ အထဲကတောင် ပြန်ပါသွားအုံးမယ်။ ဆိုတော့ကာ . . . Silent Strike ကိုပဲ ကျင့်သုံးတာ မကောင်းဘူးလား။"
 
"ငှင့်"
_/\_ _/\_ _/\_

No comments:

Post a Comment