Saturday, July 3, 2021

Speak out

 26 June, 2021

----- 

 
"ဒါတော့ဒါပေါ့ ဘုန်းဘုန်းရယ်။ UN ရော၊ US ရော၊ နိုင်ငံတကာရော စိတ်ပူတယ်၊ စိုးရိမ်တယ်လို့ အော်ပေးနေတာလည်း မနည်းပါဘူး။ လက်တွေ့ လုပ်ပေးနေကြတာတွေလည်း မနည်းပါဘူး။ ကိုယ်က လိုချင်တဲ့သူဆိုတော့ သူတို့ လုပ်ပေးနေတာကို အားမရတာတွေလည်း ရှိမှာပေါ့။ ကမ္ဘာကြီးကို ရွာတစ်ရွာလို ကြည့်မယ်ဆိုရင် နိုင်ငံတွေက ဟိုအိမ်ဒီအိမ်တွေလိုပေါ့။ လက်တွေ့ဘဝ ကိုယ့်ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ မူးရူးသောင်းကြမ်း ဆူပူရိုက်နှက် နှိပ်စက်နေတယ်ဆိုရင်တောင် ဝင်တားဖို့ လူတိုင်း လုပ်နိုင်လို့လား။ ရပ်ကွက်ထဲက ပြဿနာ တက်နေတဲ့အိမ်ကို လျစ်လျူရှု ပစ်ထားနိုင်တဲ့ လူတွေက မြန်မာ့အရေး နိုင်ငံတကာက ဝင်ကူဖို့ အလွန်အကျွံ မျှော်လင့်နေရင် သဘာဝကျပါအုံးမလား။ သူများအိမ်တွင်းရေး ကိစ္စမှာ အမုန်းခံပြီး ဝင်ပြောဖို့တောင် စိတ်ဝင်စားကြတာ မဟုတ်ဘူးလေ။ ကမ္ဘာက ဒီလောက်လုပ်ပေးနေတာ မဆိုးပါဘူး။ အသံထွက် ပေးနေတာလည်း ထိရောက်ပါတယ်။ သူမျာ့ မပြောပါနဲ့။ တရားဟော တရားပြ တာဝန်ရှိကြတဲ့ ဘုန်းဘုန်းတို့​များ စိတ်ပူတယ်၊ စိုးရိမ်တယ်လို့တောင် ပြောပေးဖော် ရကြလို့လား။ တရားစကား ပြောပေးကြတာ ဘယ်နှစ်ပါး ရှိလို့လဲ။ ငါတို့ဟောလည်း မရဘူးလို့တော့ မပြောပါနဲ့ ဘုရား။ ရရ မရရ ဟောကြရတာပဲ မဟုတ်လား။ ကြားဖန်များအောင် ဟောပေးရတယ်လို့ ဘုန်းဘုန်းတို့ပဲ ဟောခဲ့ကြတယ် မဟုတ်လား။ ခေတ်ကောင်းတုန်းက ခြိမ့်ခြိမ့်သဲသဲ တရားပွဲတွေ လုပ်ခဲ့တုန်းကရော ဘယ်သူတွေ ဘယ်လောက်များ ကျွတမ်းဝင်ခဲ့ကြလို့လဲ။"

No comments:

Post a Comment