ကန်နိုင်ငံ အနောက်ဘက်ပိုင်း ရော့ကီး တောင်တန်း ဒေသမှာ ရှိတဲ့ ယူတားပြည်နယ်ရဲ့ အစွန်အဖျား ရေကန်ထဲကို ထောင်ပေါင်များစွာသော ငါးတွေ သွားလွှတ်ကြသတဲ့။ တတ်နိုင်ကြပါပေတယ်။
သူတို့မှာ ရည်ရွယ်ချက်တွေ ရှိမယ်။ ဥပမာ. .. . သဘာဝ ပတ်ဝန်းကျင် ကိစ္စ၊ ဂေဟစနစ် အရေး။ အရပ်စကားနဲ့ ပြောရရင်တော့ ငါးလွှတ်တယ်ပဲ ဆိုပါစို့။ နင့်အသက် တစ်ခါ ငါ့အသက် တစ်ရာဆိုတဲ့ မျှော်လင့်တောင့်တမှုမျိုးတော့ ပါမယ် မထင်ဘူး။ သူတို့ ငါးလွှတ်ပွဲရဲ့ ရည်ရွယ်ချက်ကို ထားပါတော့။ လုပ်ဆောင်ချက်ထဲက နှစ်ခု စိတ်ဝင်စားမိတယ်။
၁။ ငါးတွေကို လေယာဉ်နဲ့သယ်ပြီး သွားလွှတ်တာတဲ့။ ရည်ရွယ်ချက်က ခရီးကို ခြုံ့ချင်တာ။ ငါးတွေ ငါးတွေ၊ ထောင်ချီတဲ့ ငါးတွေ သဘာဝ တောရိုင်းရေကန်ထဲ မြန်မြန်ရောက်စေချင်တာ။ အချိန်ကြာနေရင် သနားစရာ ငါးသတ္တဝါတွေ အောက်စီဂျင်ပြတ် မွန်းကြပ်သေကြေမှာ စိုးလို့တဲ့။ ကျွတ်ကျွတ် ကျွတ်။
၂။ သွားလွှတ်တဲ့ ငါးလေးတွေက တစ်နှစ်သားအရွယ်။ ငါးသားသားလေးတွေ။ လက်ညှိုးလောက်၊ လက်မလောက်၊ လက်သန်းလောက် အသေးစားလေးတွေ တဲ့။ သေးသေးလေးတွေဆိုတော့ ပေါ့ပါးတယ်။ အကျမနာဘူး၊ အထိအခိုက် နည်းမယ် တဲ့။ လုပ်ပုံ လုပ်ပုံ။ ကြင်နာကြ ကြင်နာနာကြ။ မင်းတို့ပဲ ကြင်နာကြ။
တော်တော် လာတဲ့ကောင်တွေ။ စီမံပုံနဲ့ ကြင်နာပုံက ဘုရားလောင်းလားတောင် အောက်မေ့ရမလို ပါပဲ။ မြန်မာ့အထာ စကားတစ်ခုနဲ့ ပြောရရင်. .. . လုပ်ကြပေါ့လေ သူတို့က ကမ္ဘာ့ ရဲတွေကိုး။
No comments:
Post a Comment