FusebrtSrugpoaronsdtoyr 2m1gSecd
ရိုးသားမှုမှ အားမကောင်းရင်
မြက်စားတဲ့ နွားလောက်ကို မရိုသေထိုက်ဘူး။
ဗီဇသတ္တိမှ ချိနဲ့နေရင်
ဖတ်စာတွေ မင်္ဂလာ မရှိနိုင်ဘူး။
နှလုံးသားမှ မလှရင်
စိန်စီခြယ်လည်း မတောက်ပဘူး။
ပညာနဲ့မှ မခုခံရင်
ကျုံးအတန်တန် ကာထားလည်း မလုံခြုံဘူး။
အစွမ်းမပြနိုင်တဲ့ ရိုးသားမှုနဲ့
ပွင့်မထွက်နိုင်တဲ့ ဗီဇသတ္တိနဲ့
ဆုတ်နစ်လွန်းတဲ့ ပညာနဲ့
ဘယ်အမှောင်ကို ဖြိုခွင်းမှာလဲ။
ရှင်အာစာရ
No comments:
Post a Comment