Sunday, March 21, 2021

ချစ်ကြပုံအကြောင်း

 

Feb4, 2021

 

မက်စ်လိုးရဲ့ ဆင့်ကဲလိုအပ်မှု ဖြစ်စဉ်(Maslow's Hierarchy of Needs)ကို နမူနာယူပြီး လေ့ကျင့်ခန်း တစ်ခု လုပ်ကြည့်မိပါတယ်။ အဆင့်ဆင့် ချစ်ကြပုံ ဖြစ်ပါတယ်။ အမှန်တရားကို ဗဟိုပြုပြီး မိမိကိုယ်ကအစ အန္တိမ အမှန်တရားအဆုံး ချစ်မှုတွေ အကြောင်းပါ။ (ပုံမှာ ကြည့်ရန်)
ချစ်စရာက ဘာတွေလဲ။ ကိုယ်တွင်းကိုယ်ပ တွယ်စရာတွေပါ။ အကျိုးစီးပွား အမျိုးမျိုးပါ။ ရာထူး၊ အာဏာ၊ အခြံအရံ၊ ကျော်ကြားမှု စသည်များစွာကို ချစ်ခင် တွယ်တာကြပါတယ်။
အနိမ့်ဆုံးအဆင့် ကိုယ့်အတွက်။ ဒုတိယအဆင့် မိသားစု နှင့် အနီးကပ်ပတ်သက်သူများ အတွက်။ တတိယအဆင့် သတ္တဝါများအတွက်။ ချစ်မှုနယ်ပယ် ဒီသုံးဆင့်မှာ အမှန်တရားကို မျက်ကွယ်ပြုထားတတ်ကြပါတယ်။
စတုတ္ထ အဆင့်ကစပြီး အမှန်တရားဆီ မျက်နှာမူပြီး ချစ်တတ်ကြပါတယ်။ အောက်သုံးဆင့်က အကျိုးစီးပွားတွေကို အရေးမထားတော့ပါဘူး။ ပဉ္စမ နဲ့ ဆဋ္ဌမ အဆင့်တွေမှာလည်း အမှန်တရားကို ဦးထိပ်ထားတာပါပဲ။
ချစ်မှုနယ်ပယ် အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ချစ်ကြပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် အမှန်တရားရဲ့ အရေးပါမှု အားကောင်းလာပါတယ်။ နောက်ဆုံးအဆင့် ချစ်မှုမှာတော့ အမှန်တရားအပေါ် ချစ်မြတ်နိုးမှုသာ အဓိက ဖြစ်သွားပါတယ်။ ဘာကိုမှ အရေးမစိုက်တော့ပါဘူး။ အမှန်တရားအတွက် အဆိပ်တောင် သောက်ရဲတဲ့အထိ ရပ်တည်မှု အားပြင်းလာပါတယ်။
-----
စာကြွင်း - ဤသီအိုရီ ဖွံ့ဖြိုးရေးအတွက် ဆက်လက်၍ သုတေသန ပြုရန် လိုအပ်နိုင်ပါသည်။

No comments:

Post a Comment