Tuesday, May 24, 2016

(မေ ၁၇၊ ၂၀၁၆) 

ထိုင်း ချူလာလောင်ကွန်း ပရော်ဖက်ဆာဆိုပြီး မေးခွန်းတွေနဲ့ လာတာ။ မေးပုံက . . . မြန်မာလူမှုအသိုက်အဝန်းအပေါ် ဘုန်းဘုန်းတွေရဲ့ သြဇာသက်ရောက်မှုနဲ့ ပတ်သက်လို့ မကျေနပ်စရာ ပုဂ္ဂလိက ခံစားချက်များ ရှိပါသလား . . . ဆိုတာမျိုး။ ယေဘုယျ ဖြေကြည့်ရင် . . . ဘယ်ဘုန်းဘုန်းက ဘာမကျေနပ်စရာ ရှိမှာလဲ . . . ပေါ့။ ဗုဒ္ဓဘာသာ နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းဘုန်းတွေရဲ့ သြဇာသက်ရောက်မှုအပေါ် . . . ဘယ်ဘုန်းဘုန်းတွေက ဘာများ မကျေမနပ် ဖြစ်နေအုံးမှာလဲ။ မဟုတ်ဘူးလား။
ဒါပေမယ့် သူ့သဘောသွား အတိမ်အနက်က နောက်မှ ပေါ်လာတယ်။ သြဇာသက်ရောက်တဲ့ ဘုန်းဘုန်းတွေဆိုတာ . . . ဟို . . . ဘုန်းဘုန်းတွေကို ဆိုလိုတာကိုး။ နိုင်ငံရေး စိတ်ဝင်စားတဲ့ ပညာရှင် ထင်ပါ့။
အနောက်က ခေတ်ပညာတတ်ကြီး အတည်ပေါက် လာမေးတာမျိုးအတွက် နြေ်မာ့ ရှေးရိုးပိဋကတ် စာသင်နည်း
"အဖြေရှောင်ကွင်း လျော်ရာနင်း"ပုံက အလုပ်ဖြစ်နိုင်သား။

No comments:

Post a Comment