Tuesday, May 26, 2015

လှေကြီးရှင် နှင့် အင်တာဗျူး

မေး။   ။ “ခုလို အိမ်ပြန်ရတော့မယ် ဆိုတော့ ပျော်မှာပေါ့နော်။ ရင်တွင်းခံစားချက်ကလေး သိပါရစေ။”

ဖြေ။   ။ “မေးတဲ့သူတိုင်းကို အရမ်းပျော်တယ်လို့ပဲ ကျွန်တော်တို့ ပြောကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ မပျော်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဗျူဟာ မအောင်မြင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ အခု ဗျူဟာ မအောင်မြင်လိုက်ပေမယ့် မဟာဗျူဟာ မပြောက်သေးပါဘူး။”

မေး။   ။ “မဟာဗျူဟာ ဆိုတာက . . . . .”

ဖြေ။   ။ “ပြွတ်သိပ်ကြပ်ညပ်နေတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ လျှောချနိုင်ဖို့၊ လူချင်းဝါးမျိုဖို့၊ ဘာသာရေးဝါးမျိုဖို့ ကျွန်တော်တို့ ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ အစိုးရ လက်တွဲဆောင်ရွက်နေပါတယ်။ တစ်ချက်ခုတ် သုံးချက်ပြတ် ဖြစ်သွားအောင် ထိုင်းနဲ့မြန်မာထဲ တိုးဝင်ဖို့ပါ။ လုံခြုံရေး အားနည်းပြီး အဂတိလိုက်စားမှု အားကောင်းတဲ့ မြန်မာထဲ ၀င်နိုင်ဖို့ ဦးစားပေး စီစဉ်ထားပါတယ်။ ဒီကိစ္စအတွက် နိုင်ငံတကာက ကျွန်တော်တို့ရဲ့ ဘာသာဝင်တွေကလည်း ကူညီပါတယ်။ အထူးသဖြင့် ချမ်းသာတဲ့ နိုင်ငံတွေက ငွေကြေးထောက်ပံ့ပါတယ်။ ကျွန်တော်တို့ကတော့ လူပဲ စိုက်ရတာပါ။”

မေး။     ။ “ခင်ဗျားတို့ အစိုးရ အရာရှိတွေကိုယ်တိုင် လာရောက်စစ်ဆေးနေကြတာက . . . . .။”

ဖြေ။     ။ “ဒါကတော့ဗျာ သရုပ်ဆောင်တယ်ဆိုတာ ရုပ်ရှင်ရိုက်ဖို့ သက်သက်ပဲ အသုံးကျတာမှ မဟုတ်ဘဲ။”

မေး။     ။ “ခင်ဗျားတို့ အဖွဲ့ထဲက လူတွေကို မေးတိုင်းမေးတိုင်း လူပွဲစားရဲ့ လုပ်ကြံမှုကြောင့် လှေစီးခဲ့ကြရတယ်လို့ ပြောနေတယ် မဟုတ်လား။”

ဖြေ။     ။ “ဒါလည်း ကျွန်တော်တို့ သင်တန်းတက်တုန်းက စီစဉ်ထားတာ တစ်ခုပါ။ တစ်သံတည်း ထွက်နိုင်ဖို့ လုပ်ထားပြီးသားပါ။”

မေး။     ။ “ဘယ်နိုင်ငံတွေက ဘယ်လို ကူညီတယ်ဆိုတာ ပြောပြနိုင်မလား။”

ဖြေ။    ။ “ဒီလောက်ထိတော့ ကျွန်တော်တို့ မပွင့်လင်းနိုင်ပါဘူး။ ”

မေး။     ။ “ခင်ဗျားတို့ဘက်က မီဒီယာတွေ အဲယ်န်ဂျီအိုတွေကို ငွေပေးထားတာမျိုးရော ရှိပါသလား။”

ဖြေ။     ။ “ငွေမကြိုက်တဲ့လူ၊ ငွေမကြိုက်တဲ့ အဖွဲ့စည်း ဘယ်မှာရှိသလဲလို့ ပြန်မေးမယ်။ ကျွန်တော်တို့ဘက်က တန်ရာတန်ကြေးလည်း ပေးနိုင်တယ်။ မတန်ရကန်လည်း ပေးနိုင်တယ်။”

မေး။   ။ “မြန်မာတိုင်းရင်းသားတွေ၊ မြန်မာဗုဒ္ဓဘာသာတွေကို ဘယ်လိုနှုတ်ဆက်စကား ပြောကြားချင်ပါသလဲ။”

ဖြေ။     ။ “ထုံတုံတုံ ထူတူတူနဲ့ မိုက်တွင်းနက်နိုင်ကြပါစေ။ ဆယ်စုနှစ် သုံးလေးခုအတွင်း ကျွန်တော်တို့ရဲ့ မဟာဗျူဟာ အောင်မြင်ပြီးမြောက်ပါလိမ့်မယ်။ ကျွန်တော်တို့ ဆက်ဆက်ပြန်လာခဲ့ပါ့မယ်။ ထမင်းဝအောင် စားထားကြပါ။”

စကားဆုံးသည်နှင့် အတိအကျပင် အိပ်စက်ခြင်းမှ နိုးထလာပါသည်။ အိပ်မက်ဆိုးကား မဆုံးနိုင်သေးပါ။

:)
ရှင်အာစာရ

No comments:

Post a Comment