(. . . . .မှ အဆက် )
(အတွေ့အကြုံကို မျှဝေခြင်း အဆက်)
ရှင်းလင်းပြတ်သားမှု
ယောဂီ။ ။ အဲဒီအချိန်တုန်းက အရာဝတ္ထုတွေကို စူးစိုက်ကြည့်နိုင်အောင်၊ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြိုးစားကြိုးစား အရာရာတိုင်းက မထူးခြားပါဘူး။ ပုံမှန်အတိုင်ပါဘဲ။ ပိုပြီး ပြတ်သားမလာပါဘူး။ ပိုပြီး ရှင်းလင်းမလာပါဘူး။
ဆရာကြီး။ ။ ဒါဆို . . . မနက်ဖြန် တစ်ခါထပ်ပြီး ကြိုးစာကြည့်ပါ။ ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်တာနဲ့ ပတ်သက်လို့ ကျွန်တော့်စိတ်ထဲ ရှိတာကို ပြောပါမယ်။ သစ်ပင်တစ်ပင်ကို ကြည့်တယ် ဆိုပါစို့။ အဲဒီ သစ်ပင်ကို ကြည့်နေတဲ့ အခိုက်မှာ အပြည့်အ၀ အာရုံစူးစိုက်ပြီး ကြည့်နိုင်ပါရဲ့လား။ ပထမဆုံး တွေ့ဖူးတဲ့ သစ်ပင်ကို ကြည့်သလို စိတ်ဝင်တစား ကြည့်နိုင်ပါသလား။ ဒီလိုကြည့်ရတာ စိတ်ဝင်စားစရာပါ။
အရာရာကို ကြည့်တဲ့အခါမှာ အတွေးနည်းနည်းနဲ့ တစ်နည်းအားဖြင့် အတွေး လုံး၀ မပါဘဲနဲ့ ကြည့်လို့ ရပါတယ်။ ကြိုတင် သိမှတ်ထားတဲ့ အမှတ်သညာနဲ့ ကြည့်တယ်ဆိုရင် ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါဘူး။ အာရုံခံစားမှုကို လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ အမြင်အာရုံ၊ အကြားအာရုံ၊ အာရုံခံစားမှုတွေ နိုးကြားလာအောင် အားစိုက်ပြီး မလေ့ကျင့်ဖူးပါဘူး။ ဒါကြောင့် တစ်ခါတစ်ခါ စိတ်ဝင်တစားနဲ့ အားစိုက်ထုတ်ပေးရပါတယ်။
နောက်တစ်ခုက . . . အနံ့အာရုံခံတာကိုလည်း အရေးမစိုက်ကြဘူး ထင်ပါတယ်။ ဒါ့ကြောင့် မနက်ဖြန်ကျရင် အာရုံခံစားမှုတွေ နိုးကြားလာအောင် အားထုတ်ကြည့်ကြမယ်။ ပြတ်ပြတ်သားသား မြင်နိုင်အောင်၊ ရှင်းရှင်းလင်းလင်း ကြားနိုင်အောင်၊ ထိထိမိမိ အနံ့ခံနိုင်အောင် ကြိုးစားကြမယ်။ ဒီနေရာမှာ အဖြူရောင် ပန်းပွင့်တွေ ရှိပါတယ်။ အနံ့က တော်တော်လေး မွှေးပါတယ်။ ဖြည်းဖြည်းချင်း အားစိုက်ထုတ်ကြည့်ကြမယ်။ လေ့လာစမ်းသပ်ကြမယ်။ ဒီနည်းနဲ့ အာရုံကို သိနိုင်စွမ်း မြင့်မားအောင်လုပ်ရင်း အာရုံနဲ့ ပျော်ကြမယ်။ မြတ်စွာဘုရား ရုပ်ပွားတော်နဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်။ ရုပ်ပွားတော်ကို လုံးလုံးလျားလျား အာရုံစိုက်ပြီး ကြည့်ရုံလေး ကြည့်နေလိုက်ပါ။ အတွေး နည်းနည်းနဲ့ ဒါမှမဟုတ် အတွေး လုံး၀ မပါဘဲနဲ့ ကြည့်နေလိုက်ပါ။
ယောဂအကြောင်း ဆွေးနွေးခန်း
နောက်တစ်ခုက ယောဂ လေ့ကျင့်ချိန်။ ယောဂလေ့ကျင့်ချိန်မှာ အတွေ့အကြုံ ရခဲ့ကြမှာ သေချာပါတယ်။
ယောဂီ။ ။ အပြင်မှာ သဘာဝကျကျ ယောဂ လေ့ကျင့်တာ ဒါ ပထမဆုံးပါပဲ။ ယောဂ လေ့ကျင့်ချိန်မှာ ခန္ဓာကိုယ်ကို စိတ်စူးစိုက်မိဖို့ ကြိုးစားတာလည်း ဒါ ပထမဆုံးပါပဲ။ တကယ့်ကို ငြိမ်းချမ်းပြီး အေးဆေးတည်ငြိမ်နေတာကို တွေ့ရပါတယ်။
ဆရာကြီး။ ။ ယောဂချိန်မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ မျှဝေချင်တဲ့သူ ရှိပါသေးလား။ ကိုယ်ဟန် အနေအထားတွေ အခက်အခဲ ရှိပါသလား။
ယောဂီ။ ။ ပတ်ဝန်းကျင်ကို သဘောကျတဲ့အတွက် အခက်အခဲကို မေ့နေခဲ့ပါတယ်။ ခက်တော့ ခက်ပုံပေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒါကို သဘောကျတဲ့အတွက် ခက်သလား မခက်ဘူးလား မဆုံးဖြတ်တော့ပါဘူး။
ဆရာကြီး။ ။ ခင်ဗျားက သဘောကျလို့ပေါ့။ စိတ်ဝင်စားစရာပါပဲ။ တစ်ခုခုကို သဘောကျရင် လွယ်သလား ခက်သလား ကြည့်မနေတော့ပါဘူး။ ခန္ဓာကိုယ် နာကျင်တာ ခံစားခဲ့ရပါသလား။
ယောဂီ။ ။ ခံစားခဲ့ရပါတယ်။
ဆရာကြီး။ ။ ယောဂ . . . အလုပ်ဖြစ်နေတယ်ဆိုတဲ့ သဘောပေါ့။ ခန္ဓာကိုယ် ရှိတယ်။ ခန္ဓာကိုယ် နာကျင်တတ်တယ်ဆိုတဲ့ သဘောကို ပြသလိုက်တာပါ။ အရင်က လေ့ကျင့်ခန်းတွေ လုံလောက်အောင် မလုပ်ခဲ့ဖူးသေးတဲ့အတွက် ဆက်ပြီးတော့ ယောဂ ကျင့်သင့်တယ်လို့လည်း ဆိုလိုပါတယ်။ ယောဂ အတွေ့အကြုံ မျှဝေချင်တဲ့သူ ရှိပါသေးလား။
ယောဂီ။ ။ ကိုယ်ဟန်အနေအထား ပြောင်းတာတွေ မြန်လွန်းနေပါတယ်။ ဒါကြောင့် လေ့ကျင့်ရာမှာ အနှောင့်အယှက် ဖြစ်တယ်လို့ ထင်မိပါတယ်။
ဆရာကြီး။ ။ ယောဂဆရာက ဒါကို ထည့်သွင်းစဉ်းစားသင့်တယ် ထင်ပါတယ်။ ဒီလို အလားတူ ကြုံရတဲ့သူ ရှိပါသေးလား။
ယောဂီ။ ။ ယောဂကို ခဏပဲ ကျင့်ရပါသေးတယ်။ ယောဂကျင့်တဲ့ အခါမှာ ကိုယ်ဟန် အနေအထားတွေ အများကြီး လုပ်ရပါတယ်။ တစ်တည်းကို ခဏခဏ ပြန်လုပ်ရတာ မဟုတ်ပါဘူး။ ဒါဟာ ယောဂရဲ့ ရည်ရွယ်ချက်ပါ။ ကိုယ်ဟန် အနေအထားတွေ အများကြီး ရှိတဲ့အတွက် ပြောင်းပြောင်းပေးနေရပါတယ်။
ဆရာကြီး။ ။ ယောဂ လေ့ကျင့်နေတုန်းမှာ ဘယ်လို ခံစားရသလဲ။
ယောဂီ။ ။ ယောဂကို အရမ်းသဘောကျပါတယ်။ ဆရာက ဗုဒ္ဓဘာသာ၊ ယောဂနဲ့ ဘာဝနာတို့ကို ဆက်စပ်ပြခဲ့ပါတယ်။ ယောဂလေ့ကျင့်ပြီးတဲ့ အခါမှာ တရားထိုင်ရတာ ပိုပြီးတော့ သက်တောင့်သက်သာ ရှိလာတယ်လို့ ခံစားမိပါတယ်။ သတိလည်း ပိုပြီးတော့ အားကောင်းလာပါတယ်။ ယောဂက ရှေ့ပြေးဖြစ်ပြီး ဘာဝနာက ပဓာန ဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ ဘာဝနာအပေါ်မှာ အကျိုးသက်ရောက်မှုတွေအပြင် . . . ယောဂက ကျန်းမာစေပါတယ်။ ကျန်းမာခြင်းဟာ
ဆရာကြီး။ ။ ယောဂဟာ ဘာဝနာ ဖြစ်နိင်ပါတယ်။ ယောဂဆိုတဲ့ စကားလုံးဟာ ပေါင်းစည်းခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ရုပ်နဲ့နာမ် ပေါင်းစည်းပေးတာပါ။ ဟန်ချက်ညီညီး ပေါင်းစပ်ပေးတာ ဖြစ်ပါတယ်။
ဘာဝနာနှင့် တိတ်ဆိတ်မှု
ဆရာကြီး။ ။ အခု တိတ်ဆိတ်မှုအကြောင်း . . .။ တိတ်ဆိတ်မှုနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်သလဲ။ အနှောင့်အယှက် ဖြစ်သလား။ အဆင်ပြေရဲ့လား။ တိတ်ဆိတ်မှုနဲ့ ပတ်သက်လို့ တွေးမိတာ ရှိသလား။ တိတ်ဆိတ်မှု အတွေ့အကြုံ ဘယ်လိုလဲ။
ယောဂီ။ ။ ခက်ခဲပါတယ်။
ဆရာကြီး။ ။ ခက်ခဲတယ်ဆိုတာ . . . ကျွန်တော်တို့က စကားပြောရတာ အကျင့်ပါနေပြီဆိုတာကို ပြသနေပါတယ်။ စွဲမြဲနေတဲ့ အကျင့်ကို ဖြတ်ရတာ ခက်ခဲမှန်း ခင်ဗျားတို့ သိရပါပြီ။ တစ်ချို့ယောဂီတွေက ပြောကြပါတယ်။ တစ်ခြားသူတွေကို စကား မပြောတော့တာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြောတော့တာပဲတဲ့။ တစ်ယောက်က ပြောသေးတယ်။ တစ်ခြားသူတွေက တိတ်ဆိတ်နေတော့ တွန်းအားပေးနေသလို ခံစားရပါတယ်တဲ့။ ခက်ခဲပေမယ့် ဒီလို အခြေအနေကို လေ့လာစမ်းသပ်မှု ပြုသင့်တယ်လို့ ထင်မိပါတယ်။ တိဆိတ်နေခြင်းအားဖြင့် ကင်းလွှတ်မှု ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတာကို သိနိုင်ရင် အကောင်းဆုံးပါ။
စကားပြောဆိုမှုနဲ့ ပတ်သက်တာ တစ်ခုက . . . အပြောအဆိုဟာ ဖြစ်ပေါ်လာမှာတွေကို မဖြစ်ပေါ်အောင် တားမြစ်တတ်ပါတယ်။ ဖယ်ထုတ်ပစ်ပါတယ်။ ခုခံ ဆန့်ကျင်ပါတယ်။ ထိန်းချုပ်ပါတယ်။ တင်းကြပ်တဲ့ ဝစီပိတ် တရားစခန်းပွဲတွေမှာ ယောဂီတစ်ချို့က ပြောကြပါတယ်။ တိတ်ဆိတ်နေခြင်းအားဖြင့် မေ့နေတဲ့ ငယ်ဘ၀ အမှတ်သညာတွေ ရုတ်တရက် ပြန်ပေါ်လာတယ်လို့ ပြောကြပါတယ်။ တစ်ခါတစ်ခါမှာ ဒီလို ပြန်ပေါ်လာတဲ့ အမှတ်သညာတွေဟာ ကိုယ့်ရဲ့ အပြုအမူကို နားလည်နိုင်ဖို့ ကြီးကြီးမားမား ထောက်ကူပေးနိုင်ပါတယ်။
နမူနာ အနေနဲ့ . . . အမျိုးသမီးတစ်ယောက် ကြုံခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေချင်ပါတယ်။ အဲဒီ အမျိုးသမီးဟာ ဝစီပိတ် ဆယ်ရက်စခန်းပွဲမှာ အားထုတ်နေရင်း ခုနစ်နှစ်သမီးတုန်းက အဖြစ်အပျက်ကို သတိရမိလိုက်ပါတယ်။ အဲဒီတုန်းက အမှောင်ခန်းထဲမှာ သူ့ကိုယ်သူ သေနပ်နဲ့ ပစ်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ အတွေ့အကြုံကို လုံးလုံးလျားလျား မေ့နေခဲ့ပါတယ်။ မနှစ်သက်စရာ အတွေ့အကြုံမို့ ဖြစ်နိုင်ပါတယ်။ သူဟာ အသက်ကြီးတဲ့အထိ အမှောင်ကို ကြောက်ရွံ့ပါတယ်။ ဒီတော့ ငယ်ဘဝကို ပြန်သတိရလိုက်တာက သူ့အတွက် အထောက်အကူ ဖြစ်သွားတာပေါ့။ နောက်တစ်ခုက အဲဒီ အမျိုးသမီးဟာ သူ့ကိုယ်သူ ဖျက်ဆီးချင်စိတ် ရှိပါတယ်။ ခန္ဓာကိုယ် ထိခိုက် ပျက်စီးအောင် စွန့်စားချင်တာတာပေါ့။ နောက်တော့ . . . သူနဲ့ကျွန်တော် ဆွေးနွေးလိုက်တော့ . . . သူ့ကိုယ်သူ လုပ်ကြံဖျက်ဆီးချင်တဲ့ သဘာဝဟာ နည်းအမျိုးမျိုးနဲ့ ကိုယ်ထင်ပြနေတာကို နားလည်လိုက်ရပါတယ်။
စကားပြောခြင်း၊ တိတ်ဆိတ်ခြင်းတို့နဲ့ ပတ်သက်တာ နောက်တစ်ခုက . . . ကျွန်တော်တို့ စကားပြောတဲ့ အခါမှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံး ရှိနေတတ်ပါတယ်။ တိတ်ဆိတ်နေတဲ့ အခါမှာတော့ ကိုယ်ကိုယ်ကိုယ် ဘာမှ မဟုတ်သလို့ ခံစားရပါတယ်။ ဒီလို ခံစားရတာ မသက်သာလှပါဘူး။
တိတ်ဆိတ်မှုနဲ့ ပတ်သက်လို့ အရေးကြီးတာ နောက်တစ်ခုက . . . အချိန် အတော်ကြာတဲ့အထိ ကိုယ်တစ်ယောက်တည်း ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ရှိနေနိုင်အောင် ထောက်ပံ့ ပေးပါတာပါပဲ။ ဒါကြောင့် တိတ်ဆိတ်ခြင်းမှာ အရေးကြီးတာတွေ စိတ်ဝင်စားစရာ ကောင်းတာတွေ ရှိနေပါတယ်။ ခက်ခဲတယ်ဆိုတာ သေချာပါတယ်။ ကျွန်တော် သဘောတူပါတယ်။ ဒါပေမယ့် တိတ်တိတ်ဆိတ်ဆိတ် နေရတာ ထိုက်တန်ပါတယ်။
တစ်နှစ်တာလုံး လုံးလုံးလျားလျား နှုတ်ဆိတ်နေရတဲ့ တိဘက်ဗုဒ္ဓဘာသာ တရားစခန်းက အဖြစ်အပျက်တစ်ခု စိတ်ဝင်စားစရာ ကောင်းပါတယ်။ တစ်နှစ်ကြာတော့ တပည့်က ဆရာ့ဆီ ပြန်သွားပါတယ်။ အဲဒီ တပည့်ဟာ “စားစရာ ထပ်ပေးအုံး”လို့ပဲ ပြောတတ်တော့တယ်။ သူဟာ တစ်နှစ်လုံး စားစရာ အကြောင်းပဲ စဉ်းစားနေတာ ဖြစ်နိုင်ပါတယ်။
ဟုတ်ပြီ . . . တိတ်ဆိတ်ခြင်းနဲ့ ပတ်သက်တဲ့ တွေးစရားတွေပါ။ ကျွန်တော် အကြံပေးချင်ပါတယ်။ မနက်ကျရင် စကားပြောချိန် ရပါလိမ့်မယ်။ စကား ပြောရတဲ့အခါ သတိနဲ့ ပြောကြပါ။ ဒါကို သမ္မာဝါစာလို့ ခေါ်ပါတယ်။ တိတ်ဆိတ်မှုဟာ အရေးကြီးပါတယ်။ သမ္မာဝါစာဟာလည်း အရေးကြီးပါတယ်။
ဘာဝနာနှင့် သမ္မာဝါစာ
အပြောအဆိုကနေ လေ့လာသင်ယူနိုင်တာတွေ အများကြီး ရှိပါတယ်။ သူတစ်ပါးနဲ့ စကားပြောတဲ့အခါ စကားပြောဖော်ကို တကယ် နားထောင်မိရဲ့လား။ ရှင်အောင် ပြောနိုင်ရဲ့လား။ ပြောသူရော နားထောင်သူပါ ရှုပ်ထွေးကုန်အောင် ဆက်တိုက်ပြောနေတာမျိုး မဟုတ်ဘဲ ပြောချင်တာကို အကျဉ်းချုပ် ပြောနိုင်ရဲ့လား။ ပြောတဲ့ အခါမှာ ဘယ်လောက်ထိ သတိထားနိုင်သလဲ။ အပြောအဆိုကနေ ဒါတွေကို လေ့လာနိုင်ပါတယ်။
နေ့စဉ်ဘဝမှာ ဒါဟာ အကြီးမားဆုံး ပြဿနာ တစ်ခုပါ။ အပြောကြောင့် ပြဿနာ တက်ရပါတယ်။ အထူးသဖြင့် ဆက်ဆံရေး နယ်ပယ်မှာ ပြောမှားဆိုမှားကြောင့် နှစ်ဦးနှစ်ဘက် ထိခိုက်ရတတ်ပါတယ်။ တိတ်ဆိတ်မှုဟာ အရေးကြီးပါတယ်။ တိတ်ဆိတ်မှုမှာ အရေးကြီးတာတွေ ပါဝင်နေလို့ပါ။ သမ္မာဝါစာမှာလည်း အရေးကြီးတဲ့ သဘောတရားတွေ ပါနေတဲ့အတွက် သမ္မာဝါစာလည်း အရေးကြီးတာပါပဲ။ သူတစ်ပါးကို ကယ်တင်နိုင်မယ့် သိမ်မွေ့တဲ့ စကားတွေ၊ ကြင်နာတဲ့ စကားတွေ၊ အကူအညီ ပေးနိုင်တဲ့ စကားတွေ ပြောဆိုဖို့ ဘုရားရှင် တိုက်တွန်းတော်မူခဲ့ပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ . . . ကိုယ့်စကားကြောင့် သူတစ်ပါး ထိုခိုက်နိုင်ပါတယ်။ စကားလုံးတွေက ပိုပြီးတော့ နာကျင်စေပါတယ်။ စကားလုံးကြောင့် ရလိုက်တဲ့ ဒဏ်ရာဟာ ခန္ဓာကိုပေါ် ကျရောက်တဲ့ ဒဏ်ရာထက် ပိုဆိုးပါတယ်။
ဆွေးနွေးချိန် ပြီးဆုံးပါပြီ။ မနက်ဖြန်အတွက် နည်းနည်း ပြောချင်ပါတယ်။ ပင်ပန်းခဲ့လို့ ကောင်းကောင်း မအိပ်နိုင်ခဲ့ကြတာ အားလုံး သိပါတယ်။ ဒီနေ့တော့ အနားယူချိန်တွေ အများကြီး ရခဲ့ကြပါတယ်။ ကောင်းကောင်း နားထားတာဆိုမို့ ဒီနေ့ညတော နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ကြပါလိမ့်မယ်။

:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment