Monday, June 13, 2011

Quotes - ဆိုစကားများ (Shin Acara - ရှင်အာစာရ)



~~~~~~~~~~
One’s intellect is not the only cause of success in one’s life.
တစ်ဦးတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးဟာ သူ့ဘ၀အောင်မြင်မှုရဲ့ တစ်ခု တည်းသော အကြောင်းရင်း မဟုတ်ပါဘူး။
Several successful people are endowed with a kind of intelligence that may be so brilliant when buffed up by their concentrated diligence that they may be victorious in their lives though their intellectual level is not so high.
အောင်မြင်သူ တော်တော်များများဟာ ဉာဏ်ရည်အဆင့် အမြင့်ကြီး မဟုတ်ပေမယ့် စူးစိုက်တဲ့ ၀ီရိယနဲ့ ပွတ်တိုက်ပေးလိုက်ရင် ဘ၀အောင်မြင်မှု ရတဲ့အိ  တောက်ပလိာုင်တဲ့  ဉာဏ်ရည်ဉာဏ်သွေးမျိုး ပိုင်ဆိုင်ထားကြပါတယ်။
~~~~~~~~~~
A simple person loves simple things in life.
ရိုးရှင်းတဲ့ သူက ဘ၀မှာ ရိုးရှင်းတာတွေကို ကြိုက်ပါတယ်။
At times. Simple things may become boring when they are done repeatedly.
အခါအားလျော်စွာပေါ့။ ရိုးရှင်းတဲ့ အရေးကိစ္စတွေဟာ လုပ်ရဖန်များလာတော့ ပျင်းစရာတွေ ဖြစ်လာတတ်ပါတယ်။
~~~~~~~~~~
Utubhojanampi upanissayapaccayena paccayo.
ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
Puggalo pi upanissayapaccayena paccayo.
ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။
Senasanampi upanissayapaccayena paccayo.
သေနာသနမ္ပိ ဥပနိဿပစ္စယေန ပစ္စယော။
What is influencing our lives?
ဒို့ဘ၀တွေကို ဘာက သြဇာလွှမ်းမိုးထားတာလဲ။
Weather. Nutrition. Related people. And much more to say.
ရာသီဥတု။ အစာအာာရ။ နီးစပ်ပတ်သက်တဲ့သူတွေ။
နောက်ပြီးတော့ ပြောစရာတွေ အများကြီးပါ။
Life’s meaning should not be narrowed by a certain definition of it.
ဘ၀အဓိပ္ပာယ် ဖွင့်ဆိုမှု တစ်ခုကြောင့် ဘ၀အဓိပ္ပာယ် ကျဉ်းမြောင်းသွားတာမျိုး မဖြစ်သင့်ပါဘူး။
~~~~~~~~~~
Some worldly achievements are meaningless and thus not lasting long meaningfully.
လောကအောင်မြင်မှုတစ်ချို့ဟာ အဓိပ္ပာယ် မရှိပါဘူး။
ဒီတော့ အဓိပ္ပာယ်ရှိရှိနဲ့လည်း ကြာရှည် မတည်နိုင်ပါဘူး။
Meaningful success is achieved by meaningful people only.
အဓိပ္ပာယ်ပြည့်ဝတဲ့ အောင်မြင်မှုကို အဓိပ္ပာယ်ရှိတဲ့သူတွေပဲ ရကြပါတယ်။
Experienced teachers are real teachers.
အတွေ့အကြုံရှိတဲ့ ဆရာသမားတွေဟာ တကယ့်ဆရာသမားတွေပေါ့။
~~~~~~~~~~
Desetha bhikkhave dhammam.
ဒေသေထ ဘိက္ခဝေ ဓမ္မံ။
Monks, you preach dhamma.
ရဟန်းတို့ တရားဟောကြကုန်လော့။
At the time of the Buddha, venerable Punna was a good preacher.
ဘုရားရှင် လက်ထက်တော်တုန်းက ရှင်ပုဏ္ဏဟာ ကောင်းမြတ်တဲ့ ဓမ္မကထိကတစ်ဆူပေါ့။
Venerable Arittha was a good talker, but he gained bad reputation and his life was ended in vain as he preached meaninglessness.
ရှင်အရိဋ္ဌဟာ အပြောကောင်း အဟောကောင်းပဲ။ နောက်တော့ ပေါက်တတ်ကရတွေ လျှောက်ဟောလို့ နာမည်ပျက်၊ ဘ၀ပျက် ဖြစ်သွားခဲ့ပါတယ်။
Nirodhaya dhammam deseti, “dhammakathiko bhikkhu”ti alam vacanaya.
နိရောဓာယ ဓမ္မံ ဒေသေတိ “ဓမ္မကထိကော ဘိက္ခူ”တိ အလံ ၀စနာယ။
One who shows a way to the cessation of suffering is a true dhamma preacher.
ဒုက္ခလွတ်လမ်း ညွှန်ပြသူဟာ ဓမ္မကထိက အစစ်ပါပဲ။
~~~~~~~~~~
Most of abbot monks in villages are depending on the poor support of poor villagers.
တောရွာတွေက ကျောင်းထိုင်ဘုန်းကြီး အများစုဟာ ရွာသူရွာသား
ဆင်းရဲသားတွေရဲ့ နုံနဲ့နဲ့ ထောက်ပံမှုကို ခံယူနေကြရပါတယ်။
Most of village people don’t believe in general knowledge
which can’t bring them immediate opportunities.
ရွာသူရွာသား အများစုက သူတို့ကို လတ်တလော အခွင့်အရေးတွေ
ဆောင်ချဉ်းမပေးနိုင်တဲ့ အထွေဗဟုသုတဆိုတာကို အယုံအကြည် မရှိကြပါဘူး။
~~~~~~~~~~
Religious mission is a national movement.
သာသနာပြုလုပ်ငန်းဟာ အမျိုးသားရေး လှုပ်ရှားမှုတစ်ခုပါပဲ။
Unity should be supported by mutual understanding.
စုစည်းညီညွတ်မှုကို အပြန်အလှန် နားလည်မှုနဲ့ ထောက်ပံ့ပေးသင့်ပါတယ်။
~~~~~~~~~~
Knowledge from books is just knowledge itself.
စာအုပ်တွေကရတဲ့ ဗဟုသုတဟာ ဗဟုသုတသာဖြစ်ပါတယ်။
Curriculum education is one thing and self study is another thing.
သင်ရိုးညွှန်းတမ်းနဲ့ ပြဋ္ဌာန်းထားတဲ့ ပညာရေးက တစ်ခြား၊ ကိုယ်တိုင်းလေ့လာမှုက တစ်ခြားဖြစ်ပါတယ်။
No curriculum education is perfect.
သင်ရိုးညွှန်းတမ်းနဲ့ ပြဋ္ဌာန်းထားတဲ့ ဘယ်ပညာရေးမှ ပြီးပြည့်စုံတာ မဟုတ်ပါဘူး။
No one hasn’t yet learned by heart all of the Buddha’s words written in books.
စာနဲ့ပေနဲ့ ရေးသားထားတဲ့ ဘုရားစကား အားလုံးကို
အာဂုံအလွတ် ကျက်မှတ်နိုင်တဲ့သူ မရှိသေးပါဘူး။
Teaching, preaching and learning are just introduction to Buddhism.
Its essence can be attained by practically practicing only accordingly
what is taught, preached and learned.
သင်ကြားပေးတာ ဟောကြားပြတာနဲ့ နာကြားသင်ယူတာတွေဟာ ဗုဒ္ဓဘာသာရဲ့ နိဒါန်းသာဖြစ်တယ်။ သင်ထား ဟောထား နာကြားသင်ယူထားတဲ့အတိုင်း လက်တွေ့ကျင့်မှပဲ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ရနိုင်ပါတယ်။
~~~~~~~~~~
Language skill is a key to success of foreign missionary.
ဘာသာစကား ကျွမ်းကျင်မှုဟာ နိုင်ငံခြားသာသနာပြုလုပ်ငန်းမှာ အောင်မြင်ဖို့ သော့ချက်ပဲ။
Language skill can be developed by practice.
ဘာသာစကား စွမ်းရည်ကို အလေ့အကျင့်နဲ့ မြှင့်တင်ပေးနိုင်ပါတယ်။
~~~~~~~~~~
Wavering is a characteristic of worldly people.
မပြတ်သားမှုဆိုတာ လောကသားတို့ရဲ့ စရိုက်လက္ခဏာ တစ်ခုပါပဲ။
Only what is uncertain is certain in life.
ဘ၀မှာ မသေချာတာ တစ်ခုပဲ သေချာပါတယ်။


:)
ရှင်အာစာရ


From: (10 June 2011):

http://www.mrmrt.info/2010/08/blog-post.html

(An Incomplete Painting - မပြီးသေးသော ပန်းချီကား)

No comments:

Post a Comment