Sunday, June 26, 2011

Mandalay Learning Method - မန္တလေးစာသင်နည်း


သီလက္ခန် ဒုတိယနေ့မေးခွန်း

(က)    ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ။

(ခ)     မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း၊
တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊
ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့
၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။

(ဂ)     ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီးတွေမှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။

(ဃ)    မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊
အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။
စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။
ပြည်တွင်းမှာ လုံလုံလောက်လောက်ရှိတယ်။

(င)     နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။
တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။
ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး
ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကားကြရမှာ မဟုတ်လား။

[၀ါကျအားလုံးကို ဒီနေရာက ယူပါတယ် - “ပြည်တွင်းဖြစ်နိုင်ငံခြားသား”]

မေးခွန်းအားလုံးကို ဖြေဆိုပါ။ (တစ်ပုစ္ဆာလျှင် ၁၀-မှတ်စီ)

၁။       က-၀ါကျကို အနက်ပေးပါ။

၂။       ခ-၀ါကျကို လီနန္တရစောဒနာတက်ပြပါ။

၃။       ဃ-၀ါကျ နှင့် င-၀ါကျတို့ကို ကိဉ္စာပိစတုက္ကထုတ်ပြပါ။

၎။       င-၀ါကျလာ “သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါ”ကို ၀ိဂ္ဂဟပြု၍ ၀စနာဒိဆက္က ထုတ်ပြပါ။

၅။       ခ-၀ါကျလာ “နွားနဲ့အတူရုန်း”ကို ဟိတ်ပြင်၍ သမ္ဗန်ခံပြပါ။

၆။       ဃ-၀ါကျနှင့် င-၀ါကျတို့ကို အာဘော်ဖော်ပါ။

၇။       ဃ-၀ါကျလာ “လုံလုံလောက်လောက်”ကို နိရုတ္တိနည်းဖြင့် ရုပ်ပြီးပြပါ။

၈။       “ဘာမှ ပူစရာ မရှိပါဘူး” ဟူ၍လည်းကောင်း “ဘာ မပူစရာမှ မရှိပါဘူး”ဟူ၍လည်းကောင်း ပါဌ်နှစ်ထွေရှိရာ ယုတ္တိနှင့်တကွ သင့်ရာကိုညွှန်ပြပါ။

၉။       က-၀ါကျကို ဂါထာစီပါ။

၁၀။     သင်စီကုံးထားသော ဂါထာကို ဘာဝ-စသည် ခွဲပြပါ။

:)
ရှင်အာစာရ

Picture from (26 June 2011):
http://www.thelearningwell.com/learning-literacy-memory/

No comments:

Post a Comment