Tuesday, April 5, 2011

You - မင်း

ဒီမနက် လုံးဝ တမင်သက်သက်ကြီး
မင့်အကြောင်း စဉ်းစားမိခဲ့။
ဒီမှာ လျှို့ဝှက်ဆန်းကြယ်တာ မရှိဘူး။

ဒီဘက်နှစ်တွေမှာ
မင်းဟာ ငါ့လည်ချောင်းထဲ တစ်ဆို့ဆို့
အမှောင်ထဲ အိမ်ဆောက်လို့။

မင့်ရဲ့ ဟိုတစ်အိမ်မှာ မင်းရှိမယ် ထင်မိ။
ကားပေါ်ကဆင်း
ဆာဆာနဲ့ မင့်ဆီပြန်လာမယ့်
ကလေးတွေကို
မီးဖိုချောင် ပြတင်းပေါက်ကနေ မျှော်နေမှာ ငါသိ။

ခုလေးတင်ပဲ
မင်း အပြင်ထွက်ဖို့ပြင်
အခန်းထဲ ၀င်လိုက်ထွက်လိုက် လဲလုလုနဲ့။

ဒါပေမယ့် အပြင်မှာက မိုးတွေ
မင်းလည်း ဆာနေလောက်ပြီ။


:)
ရှင်အာစာရ


နားလည်သလို (နားလည်သလိုလို) -
Ref: (Apr 5, 2011)

No comments:

Post a Comment