အဘိဓမ္မာသဘောအရ စိတ်ရဲ့ ဖြစ်တည်မှုဟာ မြစ်ရေစီးသလို ပါပဲ။ တရစပ် ဖြစ်နေပါတယ်။ စိတ်ဖြစ်ချိန် ခဏလေး အတွင်းမှာ စိတ်တစ်ခုပဲ ဖြစ်ပါတယ်။ စိတ်တစ်ခု ချုပ်ငြိမ်းသွားမှ နောက်စိတ်တစ်ခု ဖြစ်ပေါ်ပါတယ်။ တစ်စိတ်ပြီး တစ်စိတ် ဖြစ်ပေါ်နေတဲ့ အစဉ်မှာ ရှေ့စိတ်ကို နောက်စိတ်နဲ့ မှတ်တာကို စိတ္တာနုပဿနာလို့ ခေါ်ပါတယ်။ စိတ်အမူအရာ အားလုံးကို စိတ်နဲ့ ပြန်သိတာ ဖြစ်ပါတယ်။ ပျော်ရင် ပျော်တယ်လို့ သိ၊ စိတ်ညစ်ရင် စိတ်ညစ်တယ်လို့ သိ၊ မနာလိုရင် မနာတာကို သိ၊ ကြောက်ရင် ကြောက်တာကို သိ စသည်ပေါ့။
စိတ္တာနုပဿနာ ကျင့်ရာမှာ စိတ်ကိုစိတ်နဲ့ သိတယ်လို့ လွယ်လွယ်ပြောပေမယ့် နာမ်တရား အားလုံးကို သိမှတ်ရတာ ဖြစ်ပါတယ်။ စိတ်တစ်ခုထဲကို သိမှတ်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်တစ်ခုတည်း ဖြစ်နေတာ မဟုတ်လို့၊ စိတ်ဖြစ်ရင် စေတသိတ်လည်း အတူဖြစ်တာမို့ပါ။ ဒါကြောင့် သိမှတ်ရတဲ့ နာမ်တရားဆိုတာဟာ ဝေဒနာ သညာ သင်္ခါရ နဲ့ ဝိညာဏ် (စိတ်)ဆိုတဲ့ နာမက္ခန္ဓာလေးပါး ဖြစ်ပါတယ်။ ဝေဒနာ = ခံစားခြင်း၊ ခံစားချက်။ သညာ = မှတ်သားမှု။ သင်္ခါရ ဆိုတာကတော့ စေသိတ် (၅၂)မျိုး ရှိတဲ့အထဲက ဝေဒနာ နဲ့ သညာကလွဲလို့ ကျန်တဲ့ (၅၀) ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယ စတာတွေ ဖြစ်ပါတယ်။ ဆိုပါစို့ ဝမ်းနည်းတော့ “ဝမ်းနည်းတယ်။ ဝမ်းနည်းတယ်”လို့ သိမှတ်လိုက်တယ်ဆိုရင် ဝမ်းနည်းခြင်း (ဒေါသ)နဲ့ အတူဖြစ်ဖက်စိတ်ကို သိမှတ်လိုက်တာ ဖြစ်ပါတယ်။ လက်တွေ့ သိမှတ်တဲ့ အခါမှာ ဒီသဘောတရားတွေကို နားလည်စရာ မလိုပါဘူး။ စိတ်အခြေအနေကို အရှိအတိုင်း သိနေလိုက်ရုံပါပဲ။
ဘယ်သူဖြစ်ဖြစ် စိတ်ညစ်တာကို “စိတ်ညစ်တယ်။ စိတ်ညစ်တယ်။”လို့ တစ်ခါလေး သိလိုက်ရုံ၊ ရှုလိုက်ရုံ၊ စမ်းကြည့်လိုက်ရုံလေးနဲ့ ချက်ချင်းကြီး စိတ်ပျော်သွားမယ်လို့တော့ လွယ်လွယ်ပြောလို့ မရပါဘူး။ ခိုင်မာတဲ့ စိတ်ဓာတ်ကို ရရှိဖို့၊ ပျော့ညံ့တဲ့ စိတ်ဓာတ်ကို အနိုင်ယူဖို့ အချိန်ယူပြီး ကျင့်ဖို့လိုပါတယ်။
ကြီးမားတဲ့ အကျိုးတရားကို လွယ်လွယ်ကူကူနဲ့ မရရှိနိုင်ပေမယ့် စိတ်အမူအရာကို တစ်ခါလေး သိလိုက်တယ်၊ ရှုလိုက်တယ်၊ စမ်းကြည့်လိုက်တယ် ဆိုရင်ကိုပဲ အဲဒီ တစ်ခါလေးရဲ့ အကျိုးကို ရရှိနိုင်ပါတယ်။ ကုသိုလ်စုဆောင်းခြင်း၊ ပါရမီ ဖြည့်ဆည်းခြင်းပေါ့။ ကျင့်ကြည့်ပါ။ အနည်းဆုံး စမ်းကြည့်ပါ။
စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး
“၃၈၁။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (တပ်မက်ခြင်း) ရာဂနှင့်တကွသော စိတ်ကိုလည်း “ရာဂနှင့်တကွသောစိတ်” ဟု သိ၏၊ ရာဂကင်းသော စိတ်ကိုလည်း “ရာဂကင်းသောစိတ်” ဟု သိ၏၊ (အမျက်ထွက်ခြင်း) ဒေါသနှင့်တကွသော စိတ်ကိုလည်း “ဒေါသနှင့်တကွသောစိတ်”ဟု သိ၏၊ ဒေါသကင်းသော စိတ်ကိုလည်း “ဒေါသကင်းသောစိတ်” ဟု သိ၏၊ (တွေဝေခြင်း) မောဟ နှင့်တကွသော စိတ်ကိုလည်း “မောဟနှင့်တကွသောစိတ်”ဟု သိ၏၊ မောဟကင်းသော စိတ်ကိုလည်း “မောဟကင်းသောစိတ်”ဟု သိ၏၊ (ကျုံ့သော) သံခိတ္တစိတ်ကိုလည်း “သံခိတ္တစိတ်” ဟု သိ၏၊ (ပျံ့သော) ဝိက္ခိတ္တစိတ်ကိုလည်း “ဝိက္ခိတ္တစိတ်”ဟု သိ၏၊ (ရူပ အရူပ) မဟဂ္ဂုတ်စိတ်ကိုလည်း “မဟဂ္ဂုတ်စိတ်” ဟု သိ၏၊ (ကာမာဝစရ) အမဟဂ္ဂုတ်စိတ်ကိုလည်း “အမဟဂ္ဂုတ်စိတ်”ဟု သိ၏၊ (ကာမာဝစရ) သဥတ္တရစိတ်ကိုလည်း “သဥတ္တရစိတ်”ဟု သိ၏၊ (ရူပ အရူပ) အနုတ္တရစိတ်ကိုလည်း “အနုတ္တရစိတ်”ဟု သိ၏၊ (အပ္ပနာသမာဓိ ဥပစာသမာဓိရှိသော တည်ကြည်သော) သမာဟိတစိတ်ကိုလည်း “သမာဟိတစိတ်”ဟု သိ၏၊ (သမာဓိနှစ်ပါးကင်းသော မတည်ကြည်သော) အသမာဟိတစိတ်ကိုလည်း “အသမာဟိတစိတ်”ဟု သိ၏၊ (လွတ်မြောက်သော) ဝိမုတ္တစိတ်ကိုလည်း “ဝိမုတ္တစိတ်”ဟု သိ၏၊ (မလွတ်မြောက်သော) အဝိမုတ္တစိတ်ကိုလည်း “အဝိမုတ္တစိတ်”ဟု သိ၏။
ဤသို့ မိမိ၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ စိတ်၌ မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊ စိတ်၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊ စိတ်၌ ဖြစ်ကြောင်းပျက်ကြောင်း တရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊ ထို့ပြင် “စိတ်သည်သာလျှင်ရှိ၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွါးခြင်းငှာသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ ဥစ္စာဟု) စွဲလည်းမစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။”
(မဟသတိပဋ္ဌာနသုတ်၊ သုတ်မဟာဝါပါဠိ၊ ဒီဃနိကာယ်)
ပကတိ အေးဆေး တည်ငြိမ်သူ ဖြစ်လိုလျှင်
မြတ်ဗုဒ္ဓ၏ တရားကို နှလုံးသွင်းပါ။
“စိတ်လှုပ်ရှားတိုင်း မမြဲဘူးဟု သုံးသပ်နေသောပုဂ္ဂိုလ်အဘို့
စိတ်သည် လှုပ်ရှားခြင်း ကင်းကာ ငြိမ်သက်ပိပြားလာသည်။
စိတ်ကို အလိုမလိုက်ဘဲ ဉာဏ်ကွပ်ကဲလျှင် စိတ်သည် ဉာဏ်
အောက်၌ အမိန့်နာခံ ရိုးကျိုးကာ ခေါင်းမထောင်နိုင်ဘဲ လည်
စင်းကာ အလျှော့ပေးလေ့ရှိသည်။
စိတ်ကို ဉာဏ်ဖြင့် ကွပ်ကဲခြင်းသည် စိတ္တာနုပဿနာ
ကျင့်စဉ်ပင်ဖြစ်သည်။ ထိုကျင့်စဉ်အရ စိတ်ကို နိုင်ရုံမျှမက
စိတ်အကြောင်းကို မှန်မှန်ကန်ကန် ပိုမိုအသေးစိတ် နားလည်
နိုင်သည်။
ချစ်သူတွေ့တွေ့၊ မုန်းသူတွေ့တွေ့၊ မတုန်မလှုပ်စေရန်
ဉာဏ်ဖြင့် ထိန်းနည်းသည် စိတ္တာနုပဿနာခေါ် ပေါ်စိတ်၊
တုန်လှုပ်စိတ်ကို အပျက်တရားဟု ရှုသတ်သောနည်းပင်ဖြစ်သည်။
နောက်ဆုံး သေခြင်းတရားကိုပင် ပြုံးပြုံးနှင့် မတုန်
မလှုပ် ရင်ဆိုင်သွားနိုင်သည်။ ရုပ်နာမ်ကို ယထာဘူတကျကျသိ
သွားနိုင်သည်။
ကိုယ့်အကြောင်း သူ့အကြောင်း လူတွေအကြောင်း
ကို ကောင်းကောင်းကြီးသိသည်။
ငယ်ရွယ်သူများ မှတ်ဉာဏ်ကောင်း လိုသော် ဤနည်း
ကို ကျင့်ပါ။ စိတ်များကြည်လင်၍ မှတ်ဉာဏ်ကောင်းလာမည်။”
5 Mar 11, 09:37 AM
ReplyDeleteAcr(http://www.mrmrt.info/):
ခွင့်တောင်းစရာ မလိုပါ ဗျား။
ဒီမှာ ခွင့်တောင်းတာထက် သက်ဆိုင်ရာနေရာမှာ အသိပေးကြေငြာတာက လာဖတ်တဲ့ ဧည့်သည်ကိုပါ လေးစားရာ ရောက်ပါတယ်။
ဥပမာ - http://www.apymt.com/?p=531
-----------------------------------------
5 Mar 11, 05:53 AM
သန့်ဇင် (http://dhammasaytaman.com/):
မှတ်ဉာဏ်ကောင်းဖို့ post လေးမျှဝေခွင့်ပြုပါ။ ကျေးဇူးတင်ပါတယ်။ ကျန်းမာပါစေ။
အရှင်ဘုရား ပြောတာ သိပ်မှန်ပါတယ်။ မျှဝေတယ် ဆိုပေမယ့် မူရင်း ရေးသူအမည်ကို ထည့်ရပါမယ်။ ဒီအတိုင်း ကူးယူဖော်ပြထားတာဟာ ကိုယ်တိုင်ရေးသလို အဓိပ္ပါယ် သက်ရောက်နေပါတယ်။ ရိုးသားသလိုနဲ့ မရိုးသားဘူးလို့ ခံစားရပါတယ်။ ဆောရီးပါ။ ဖေ့စ်ဘုတ်မှာ ဒီစာကိုပဲ တခြား အရှင်တပါး note မှာ တင်ထားတာ တွေ့ရလို့ မပြောဘဲ မနေနိုင် ဖြစ်သွားပါတယ်။
ReplyDelete. . . ကျင့်ဝတ် သဘောတရားကို နားမလည်တာ ဒါမှမဟုတ် မယုံကြည်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်ဖြစ် ဘာမှတော့ မဖြစ်ပါဘူး။
ReplyDelete:)