Tuesday, January 18, 2011

သံသရာခရီး ခန္ဓာစီး၍

အပုပ်ကောင် ရုပ်ဆောင်ထား၊
ဟုတ်ယောင်မှား တွယ်ခင်။
ငုတ်မှောင်သား ကွယ်မမြင်၊
အကယ်ပင် စုံကန်း။

အနှစ်မဲ့ ခန္ဓာဘင်ကို၊
မှန်စွာမြင် လွတ်ဖို့မမှန်း။
ချစ်ဖွယ်အတိ မှတ်ကာသာ၊
တပ်အာသာ မက်ငန်း။

ထွတ်အခေါင် နိဗ္ဗာန်နန်းကိုလ၊
စိတ်ကြံမှန်း မှီခို။
ခုအနေ ချိန်သာခိုက်မှာကွယ့်၊
လိမ္မာလိုက် များလှလူဗိုလ်။

သန်အားပြည့် ရုပ်နုပျိုကို၊
အပုပ်စုလို မြင်မှတ်လို့။
တင်ကပ်စို့ ရိုးစုသညာ၊
ဖြိုးစုပညာ။

သမုဒ်ဝ ၀ဲသံသရာကို၊
ခဲမြန်မကြာ ကူးမြောက်စို့လေး . . .။

:)
ရှင်အာစာရ

မှတ်ချက်။   ။ (. . . . . မှ ကောက်နုတ်ချက် ဖြစ်ပါသည်။)

No comments:

Post a Comment