Monday, December 13, 2010

Smokily Smudged Blind Blur - ဝေေ၀၀ါးဝါး


အဖြေ။      ။  နိဗ္ဗာန်အကြောင်း။ ဘာပဲဖြစ်ဖြစ် အဲဒါ ကောင်းတဲ့ စိတ်အကြံပါပဲ။

ဟုတ်တယ်။ သူများတွေလည်း ဖတ်ရတာပေါ့။ အကြင်နာနန်းတော်မှာ “ဘာသာရေး”နဲ့ဆိုင်တဲ့ ကဏ္ဍခွဲ ငါးခုပါတာတွေ့ပြီး ဗုဒ္ဓဘာသာအကြောင်း ရေးရရင်ကောင်းမယ်လို့ စိတ်ကူးပေါက်ခဲ့ပြီး တစ်ခြား ကဏ္ဍတွေကြားမှာ ကန့်လန့်ကန့်လန့် ဖြစ်နေမလားလည်း စဉ်းစားမိခဲ့ပြန်ရော။ လာကြတဲ့ မြန်မာတွေထဲမှာ အများစု မဟုတ်တောင်မှ တော်တော်များများက ဗုဒ္ဓဘာသာဖြစ်မယ်၊ အနည်းနဲ့အများ ဗုဒ္ဓဘာသာအကြောင်း စိတ်ဝင်စားကြမယ်၊ နည်းနည်းပါးပါးဖြစ်ဖြစ် စိတ်လည်းဝင်စားသင့်ကြတယ်လို့ တွေးမိခဲ့ပြန်ရော။ ဒါလည်း ကောင်းတဲ့ စိတ်အကြံပဲ ဆိုပါစို့။

နိပ္ပာန်လို့ရေးမိပြီး စိတ်က ဝေေ၀၀ါးဝါးကြီး ဖြစ်သွားတာ?။ :) အဲဒါ ပြဿနာမဟုတ်ဘူး ထင်ပါတယ်။ တရားအားထုတ်တာ နည်းတဲ့သူမှ မဟုတ်ပါဘူး။ များတဲ့သူတွေလည်း ဝေေ၀၀ါးဝါးကြီး ဖြစ်နေကြတာပါပဲ။ ဒါလည်း ပြဿနာ မဟုတ်ဘူး ထင်ပါတယ်။ နောက်ကလိုက်အော်တဲ့ “ယောဂီများစွာထဲမှာ တပည့်တော်” ပါနေသလို ရှေ့ကအော်တဲ့ ဆရာတော်များစွာထဲမှာ ဆရာတော်လည်း ပါနေပါတယ်ဗျား . . . ။ ပိုလှ နည်းနည်းပေါ့။ “တရားဘောင်မှာ ကျင်လည်နေတဲ့သူ”ဆိုတော့ 1kbလောက်များ ပိုလေမလား မသိပါဘူး။ :) ဒါလည်း ပြဿနာ မဟုတ်ဘူးလို့ပဲ ထင်ပါတယ်။

ဟုတ်ပါတယ်။ ရဟန္တာ မဖြစ်ခင်တော့ မောဟပါးအောင်ပဲ လုပ်နေကြရတာပါ။ မောဟကို ထိုးနှက်နေကြရတာပါ။ ထိုးနှက်သူ ကိုယ်တိုင်နဲ့ သူ့ရဲ့ ထိုးနည်းနှက်နည်းအပေါ် မူတည်ပြီး ထိချက် ဘယ်လောက်ပြင်းတယ် ဆိုတာတော့ ကွာမှာပေါ့။ ထိချက်ပြင်းအောင် ဘယ်လိုထိုးနှက်မလဲ။ အဖြေက ကာယကံရှင် ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။ ဝေေ၀၀ါးဝါးလေး ဖြေကြည့်မယ်။ နိဗ္ဗာန်အတွက်ဆိုရင် မောဟတင် မကဘူး။ မောဟ အပါအ၀င် ကိလေသာ ဆယ်မျိုးလုံးကို ထိုးနှက်ကြရမှာ။ ကိလေသာအားလုံးကို အမြစ်ပြတ် သုတ်သင်ပယ်ရှားနိုင်မှ နိဗ္ဗာန်ရောက်တာ တဲ့။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ။ [ဒီ ဆယ်မျိုးကို သီးခြားလေ့လာပါ။ Home Work. :)] ဥပမာ လောဘကို ဘယ်လိုလျှော့မလဲ၊ ဘယ်လောက်လျှော့မလဲ။ ဒေါသကို ဘယ်လောက်လွှာမလဲ၊ ဘယ်လိုလွှာမလဲ။ မာနကို ဘယ်လိုနွှာမလဲ၊ ဘယ်လောက်နွှာမလဲ။ ဒီနေရာမှာလည်း အဖြေက ကာယကံရှင် ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။ “အရှင်းကြီး မဟုတ်တောင်မှ သဘောတရားလေးလောက် ရုံး(ရုန်း)ထွက်နိုင်”ဖို့ဆိုတဲ့ သဘောထားကို ချီးကျူးပါတယ်။ သဘောထား တိုက်ဆိုင်နေလို့ပါ။ :)

နိဗ္ဗာန်ဆိုတာ ရှင်းပြလို့ မရနိုင်တဲ့အကြောင်း၊ နိဗ္ဗာန်ဆိုတာ (အအေးကြောက်တဲ့ ဒကာမလေး ထင်သလို) ဘုံဌာန မဟုတ်တဲ့အကြောင်း . . . . . “အပြည့်အစုံသို့ . . .”လို့ ညွှန်းခဲ့တဲ့ အထဲမှာ တွေ့ပါလိမ့်မယ်။ ကိုယ်တိုင် ရဟန္တာဖြစ်မှ ပြည့်ပြည့်၀၀ နားလည်နိုင်မှာ ဖြစ်ပါတယ်။ ပြည့်ပြည့်၀၀ မပြည့်ဝ နိုင်ကြသေးခင်မှာတော့ တတ်နိုင်သလောက်ဖြစ်ဖြစ်၊ အားကြိုးမန်တက်ဖြစ်ဖြစ် . . . လျှော့တယ် လွှာတယ် နွှာတယ် ဆိုရင် လုံလောက်ပြီ ထင်ပါတယ်။

ယက်ကန်းသည်မလေးရဲ့ “အပ္ပမာဒတရား ဆိုတဲ့အဓိပ္ပာယ် နဲ့ ဘယ်လို့(လို)ကျင့်ရမယ်ဆိုတာလေး”။ အပ္ပမာဒတရားဆိုတာ “သတိ”ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘယ်လိုကျင့် မလဲဆိုတာကတော့ ကျင့်နည်း အမျိုးမျိုး ရှိတာပေါ့။ သီလ ဆိုပါစို့။ မသတ်မိအောင်၊ မခိုးမိအောင်၊ မလိမ်မိအောင်၊ မဖောက်ပြန်မိအောင်၊ မသောက်မိအောင် “သတိ”နဲ့ စောင့်ထိန်းရပါတယ်။ သမာဓိ ဆိုပါစို့။ စိတ် တည်နေအောင်၊ စူးစူးစိုက်စိုက် ရှိနေအောင် “သတိ”နဲ့ နေရပါတယ်။ သတိဆိုတာ ဆားပမာတဲ့လေ။ သတိနဲ့ . . . လျှော့ကြ လွှာကြ နွှာကြတာပေါ့။ စိတ် တည်နေအောင်၊ စူးစူးစိုက်စိုက် ရှိနေအောင် “သတိ”နဲ့ နေတယ်ဆိုတဲ့ နေရာမှာ တရားအားထုတ်ပြီး စူးစိုက်တာနဲ့ တစ်ခြားအာရုံမှာ စူးစိုက်တာ၊ အထူးသဖြင့် လောကီအာရုံမှာ စူးစိုက်တာတို့ မတူတာကို သတိထားစေချင်ပါတယ်။ တရားအားထုတ်တာက ကိလေသာကို လျှော့တာ လွှာတာ နွှာတာဖြစ်ပြီး တစ်ခြားအာရုံမှာ စူးစိုက်တာက အနည်းနဲ့အများ ကိလေသာကို တိုးအောင်လုပ်တာ ဖြစ်ပါတယ်။ စူးစိုက်တာ တူပေမယ့် အာရုံမတူတဲ့အတွက် အကျိုးရလဒ် မတူပါဘူး။

“နိဗ္ဗာန် နဲ့ ၀ိပဿနာ တရားအားထုတ်မှု့(မှု)”ဟာ “အကျိုး - အကြောင်း” အဖြစ်နဲ့ ဆက်စပ်ပါတယ်။ နိဗ္ဗာန်က အကျိုး။ အားထုတ်မှုက အကြောင်း။ အားထုတ်မှုကြောင့် နိဗ္ဗာန်ရောက်ပါတယ်။ အားထုတ်ကြတယ်ဆိုတာ သတိနဲ့ . . . လျှော့ကြ လွှာကြ နွှာကြတာဖြစ်ပါတယ်။ . . . လျှော့နည်း လွှာနည်း နွှာနည်းတွေထဲမှာ အားထုတ်ခြင်းဟာ အကောင်းဆုံးနည်း အထိရောက်ဆုံးနည်း ဖြစ်ပါတယ်။ ဒီအချက် ဘယ်လောက်မှန်သလဲဆိုတာ သိဖို့ဆိုရင်တော့ လက်တွေ့လုပ်ကြည့်ဖို့ လိုပါတယ်။

ဒီလောက်ဆိုရင် တော်တော်လေး ဝေေ၀၀ါးဝါး ဖြစ်သွားလောက်ပြီ ထင်ပါတယ်။ :)

ပိုပြီးေ၀၀ါးသွားအောင် အရင် ကောက်နုတ်ခဲ့တဲ့အထဲက နောက်ထပ်တစ်ခု ကောက်နုတ်ပြီး ဒီ အဖြေကို နိဂုံးချုပ်လိုက်ပါတယ်။
နိဗ္ဗာန်ကို ပသာဒ ငါးမျိုးဖြင့် မသိမြင် မခံစားနိုင်ပေ။ နိဗ္ဗာန်သည် သာမန် လူတို့ ပတ်သက်နိုင်သမျှ အတိုင်းအတာအတွင်း၌ မရှင်းမလင်း ဖြစ်နေ၏။ သို့သော် နိဗ္ဗာန်သို့ တိုက်ရိုက်ရောက်နိုင်သည့် အကျင့်နည်းလမ်းကို ဘုရားရှင် ဟောတော်မူခဲ့၏။ လိုအပ်သမျှ အသေးစိတ် ရှင်းလင်းချက်များ ပါဝင်ပြီး လူသားအားလုံး ကျင့်သုံးနိုင်သော နည်းလမ်းဖြစ်၏။ ပန်းတိုင် သည် အုံ့ဆိုင်းေ၀၀ါး နေသော်လည်း အောင်မြင်ပြီးမြောက် ပန်းတိုင် ရောက်မည့် နည်းလမ်းမှာ ပြည့်စုံ ရှင်းလင်း၏။ အောင်မြင် ပြီးမြောက်သည့် အခါ၌ ထို ပန်းတိုင်သည် တိမ်ကင်းစင်သည့် လကဲ့သို့ ကြည်လင် ပြတ်သားလေ၏။

ငြိမ်းချမ်းကြပါစေ။

အကြင်နာနန်းတော်မှ ကူးယူပါသည်။

No comments:

Post a Comment