Friday, September 24, 2010

30 Days - ရက် ၃၀


စာရေးရတာ ၀ါသနာပါလှတယ် မဟုတ်။ စာဖတ်ရတာလည်း ၀ါသနာ ပါလှတယ်တော့ မဟုတ်။ နှစ်ခုလုံး ပျင်းစရာ။ ပျင်းစရာတွေ နှစ်ခု ဘယ်ကမလဲ။ ထားတော့။ ရေးတာနဲ့ ဖတ်တာကတော့ ရေးတတ်ဖတ်တတ်မို့ ရေးမိဖတ်မိတာလောက်ပဲ။ ဒီဘလော့မှာ အရင် ရေးခဲ့တဲ့ အဟောင်းတော်တော်များများ တင်။ အသစ်နည်းနည်းပါးပါး ရေး။ ခု ရက်သုံးဆယ်။ စတုန်းက ဖြုတ်ချည်းရုတ်ချည်း စခဲ့တာ။ စကတည်းက ရည်ရည်ရွယ်ရွယ် လုပ်ခဲ့တာ မဟုတ်တော့ ဘာတွေရေး ဘာတွေတင်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိလှ။

စာရေးတာနဲ့ စာဖတ်တာတင် မဟုတ်။ ၀ါသနာ ရည်ရွယ်ရာ ထွေထွေထူးထူး မပါဘဲ လုပ်နေတာတွေ လုပ်မိတာတွေ အများသား။  တစ်ယောက်တည်းလားဆိုတော့ လူတိုင်းမဟုတ်တောင် လူတိုင်းနီးပါး။ ၀ါသနာကြီးလွန်းတဲ့ ၀ါသနာရှင်ကြီးတွေ ရည်ရွယ်ချက်ကြီးမားလွန်းတဲ့ ရည်ရွယ်ချက်ရှင်ကြီးတွေ တောင်မှ။ သံသရာ နဲ့ စက္ကန့်တွေ အသေးစိတ်လိုက်တော့ ၀ါသနာ နှင့် ရည်ရွယ်ရာ ထွေထွေထူးထူး မပါဘဲ လုပ်နေကြတာ လုပ်မိကြတာတွေ များမှများ။

၁။ သောက်ခဲ့တဲ့ရေ ၀ါသနာအတွက် ဘယ်နှခွက်။
၂။ ရှူခဲ့တဲ့လေ ရည်ရွယ်ချက်အတွက် ဘယ်နှပေါင်။
၃။  ကျခဲ့တဲ့ငရဲ ရည်ရွယ်ချက်အတွက် ဘယ်နှကြိမ်။
၎။ ရောက်ခဲ့တဲ့ နတ်ပြည် ၀ါသနာအတွက် ဘယ်နှစ်ခေါက်။

No comments:

Post a Comment