Wednesday, August 25, 2010

Global Sob - ဂလိုဘယ်ရှိုက်သံ


[Composed a Myanmar poem after reading several sad news one web pages created by some unwise Myanmar people gossiping about Myanmar people. (19 August 2010)]

မြှေးလိမ်ချိတ်ဆက်
ဒီ ကွန်ရက်တစ်ဝှမ်းလုံး
အသရေ တုံးပါပေါ့။


ကြိုးနီနဲ့တား
ငွေမင်နဲ့သုတ်
အဆုတ်အဖြဲခံ မီဒီယာ မဟုတ်ဘူး။
ဂုဏ်သိက္ခာတစ်ချို့
အာပုပ်နံ့ လေလွှင့်
ပုလဲနံပ မသင့်ပုံမျိုးကတော့
အော့နှလုံးနာဖို့ ကောင်းလွန်းတယ်။

အပစ်အခတ်ကင်း
အညှစ်အသတ်ရှင်း
ငြိမ်းချမ်းခြင်း စစ်မဲ့ဇုန် မဟုတ်ဘူး။
ဂုဏ်သိက္ခာတစ်ချို့
ရန်ပျိုးမာန်ငြိုး နှုတ်လှံထိုး
စစ်ခင်းနေပုံမျိုးကတော့
ရင်တုန်စရာ ကောင်းလွန်းတယ်။

ညစ်ကျိညုကျူချွဲ
စုံတွဲတွေကို တားကန့်
အသန့်အမြတ် ၀တ္တကမြေ မဟုတ်ဘူး။
ဂုဏ်သိက္ခာတစ်ချို့
လေဖမ်းဒန်းစီး ရွပိုးထိုး
အပျိုရည် ပျက်နေပုံမျိုးကတော့
ယင်အုံစရာ ကောင်းလွန်းတယ်။

မာနတွေ အစီး(အစေး)မကပ်
ရန်စတွေ အပြီးမသတ်
အမနာပတွေ ခြေချင်းလိမ်
ကြုံဖန်ဖူးစာတွေ အမြီးချင်းလိမ်။

မြှေးလိမ်ချိတ်ဆက်
ဒီ ကွန်ရက်တစ်ဝှမ်းလုံး
အသရေ တုံးပါပေါ့။

:)
ရှင်အာစာရ

No comments:

Post a Comment