Monday, July 26, 2021

သူလိုငါလို ဒီပဲယင်း

July 6, 2021

 
ငါတို့အတွက် ထူးပြီး ခံစားမနေကြပါနဲ့
ကဗျာတွေ ဘယ်လိုဖွဲ့ဖွဲ့
ငါတို့ဓားက မင်းတို့ဓားထက် ပိုမထက်ဘူး
ငါတို့တရားလည်း ပိုမမြတ်ဘူး
ရာဇဝင်တွေ ဘယ်လို ရေးရေး
နှစ်ဆယ့်တစ်မှာ ငါတို့အားလုံး ဘာထူးမှာလဲ
လူ့နှလုံးသား လူ့ခံစားချက်
လူ့အသိ လူ့သီလ
လူသားဆိုင်ရာ အတက်အကျ အလျော့အတင်း
အလင်းအမှောင် နဲ့ အမှန်အမှား
မိစ္ဆာတွေနဲ့ တစ်မိုးတည်းအောက်မှာ
မင်းတို့အားလုံး ငါတို့လိုပါပဲ
အမှန်တရားဆီ လှမ်းလျှောက်တဲ့ လမ်းတွေပါ
သူလိုငါလိုတွေပါပဲ
တရားမျှတမှု ဆာလောင်နေကြတာ
ဂုတ်ခွစီးတဲ့ မိစ္ဆာကောင်တွေကို ဇက်ကြိုးပြန်တပ်ရင်း
ထူးမခြားနား လက်ရုန်းအားနဲ့
ပျော့လိုက်မာလိုက် နှလုံးသားတွေချည်းပါပဲ
အဆင်မပြေရတဲ့ကြားထဲ သောကအကြွေး အတင်မခံနိုင်ဘူး
ငါတို့အတွက် ထူးပြီး ခံစားမနေကြပါနဲ့။
 
🙂
ရှင်အာစာရ
(Jly6, 2021)

No comments:

Post a Comment