"ဥပုသ်သီတင်းသီလ စောင့်သုံးတယ်ဆိုတာ ကိုယ်နဲ့နှုတ်ကို စောင့်ထိန်းတာပဲ။ အပြောယဉ်ကျေးဖို့၊ အပြုအမူ ယဉ်ကျေးဖို့။ ဥပုသ်နေ့ဖြစ်ဖြစ် သာမန်နေ့ဖြစ်ဖြစ် ဒီစောင့်ထိန်းမှု လိုအပ်တယ်။ ဥပုသ်သည် မဟုတ်လည်း ကိုယ်နှုတ် ထိန်းဖို့ လိုတယ်။ မစောင့်ထိန်းနိုင်လို့ ရိုင်းစိုင်းသွားရင် ကိုယ့်အတွက်ရော ပတ်ဝန်းကျင်အတွက်ရော ထိခိုက်တယ်။ ကိုယ်နှုတ် မစောင့်ထိန်းနိုင်ရင် အရူးလိုပဲ။ ပုထုဇ္ဇနော ဥမ္မတ္တကော။ တော်တော် ရူးတဲ့ကောင်၊ တော်တော် ရူးတဲ့ကောင်မ။ တော်တော်ရူးတဲ့ဘုန်းကြီး . . . အဲ့ဒီလို ဖြစ်သွားတာ။
ရပ်ကျော်ရွာကျော်၊ တိုင်းကျော်ပြည်ကျော်၊ ကမ္ဘာကျော်။ ကျော်မကောင်း ကြားမကောင်း။ ကိုယ်နဲ့နှုတ် မစောင့်ထိန်းနိုင်ရင် ပြောတဲ့စကားက အရူးစကား။ လုပ်တဲ့အလုပ်က အရူးအလုပ်။ မြင်လို့မကောင်း၊ ကြားလို့မကောင်း။ မယဉ်ကျေးတော့ဘူး။"
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:
Post a Comment