Tuesday, February 18, 2025

ရောက်တဲ့အရပ်မှာ လွပ်လပ်စွာ - ၁။ နွေးထွေးမှုတွက်

 


ဗီယက်နာမ် စစ်ပွဲအတွင်း အမေရိကန် လေတပ်က ဗင်ချီမြို့ကို ဗုံးကျဲလိုက်ပြီးတဲ့နောက် ဒီ ကဗျာကို ရေးဖြစ်ခဲ့ပါတယ်။ ဗင်ချီဟာ မိတ်ဆွေဆရာလေး ချန်ကောရဲ့ ဇာတိမြို့ဖြစ်ပါတယ်။ ဗင်ချီမြို့မှာ မြို့ပြပျောက်ကျား တော်လှန်ရေးသမားတစ်ချို့ ရှိနေတဲ့အတွက်ကြောင့် အမေရိကန် တပ်တွေက တစ်မြို့လုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်။ နောက်ကျတော့ အရာရှိ တစ်ယောက်က ပြောတယ်။ ကွန်မြူနစ်ရန်က ကာကွယ်ဖို့ ဗင်ချီမြို့ကို ဗုံးကျဲခဲ့တာ တဲ့။

ဒီကဗျာဟာ ဒေါသအကြောင်း ဖွဲ့ဆိုတဲ့ ကဗျာ ဖြစ်ပါတယ်။

ငါ့မျက်နှာကို ငါ့လက်ဝါးနှစ်ဘက်နဲ့ အုပ်ထားတယ်၊
မဟုတ်ဘူး၊ ငါ ငိုနေတာ မဟုတ်ဘူး။
ငါ့မျက်နှာကို ငါ့လက်ဝါးနှစ်ဘက်နဲ့ အုပ်လို့
အထီးကျန်ဆန်မှုဆီ အနွေးဓာတ် လွှတ်နေတာ။
အကာအကွယ်ပေးတဲ့ လက်နှစ်ဘက်ပါ
အာဟာရကျွေးတဲ့ လက်နှစ်ဘက်ပါ။
ငါ့စိတ်ဓာတ်ကလေး ဒေါသတကြီးနဲ့
ငါ့ဆီက ထွက်မသွားအောင်
ငါ့လက်တွေက ဆီးကာပေးထားတာ . . .

အဲ့ဒီတုန်းက တော်တော်ကြီး ဒေါသဖြစ်ခဲ့ရပါတယ်။ ကိုယ်တစ်ယောက်တည်း ဒေါသဖြစ်ရတာ မဟုတ်ပါဘူး။ လူတွေ အများကြီး ဒေါသဖြစ်ကြရတာပါ။ ဒေါသဆိုတာ ပြင်းထန်တဲ့ ခံစားချက်ပါ။ ကိုယ့်ကိုယ်ပဲဖြစ်ဖြစ် သူ့ကိုပဲဖြစ်ဖြစ် နာကြင်စေနိုင်ပါတယ်။ ရဟန်းတစ်ပါး အနေနဲ့ ဒေါသထွက်တဲ့အခါ ကိုယ့်ဒေါသကိုယ် ဂရုစိုက်လိုက်ပါတယ်။ ကိုယ့်ဒေါသကြောင့် ကိုယ်ရော သူပါ မဆင်းရဲစေရပါဘူး။ ကိုယ့်ဒေါသကိုယ် ဂရုစိုက်နိုင်တယ်ဆိုရင် ငြိမ်းချမ်းမှုကို ရရှိပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရှင်သန်နိုင်ပါလိမ့်မယ်။

 ( ဆက်ရန် . . . . . )

 

Ref:

For Warmthfrom

“Be Free Wherever You Are” by Thich Nhat Hanh

No comments:

Post a Comment