သူတစ်ယောက် အပါအ၀င် ပညာရေး စိတ်ဝင်စားလို့ ကူညီချင်သူရှိပြန်လည်း
ရွာမှာဆိုတော့ လက်ခံဖို့ ခက်လှတယ်။ သူ့တုန်းက တော်တော်
စိတ်ပျက်သွားပုံရတယ်။ စိတ်နာတာလည်း ဖြစ်နိုင်တာပဲ။ တစ်ညနဲ့ သူပြန်သွားပြီး
ဒီဘက်က အီးမေးလ်ပို့တာတောင် ပြန်မပြောတော့တာ။ ရွာမှာ တစ်လနေမယ်၊ ကလေးတွေကို
အင်္ဂလိပ်စာသင်မယ်ဆိုလို့ ခေါ်လိုက်မိတာ နှိပ်စက်သလို ဖြစ်သွားတယ်။ ဥပဒေအရ
နိုင်ငံခြားသားများ ဤအရပ်၌ ညအိပ်နေ့နေ မရှိစေရဆိုတော့
တောင်းတောင်းပန်ပန်နဲ့ တစ်ညပဲ လက်ခံလိုက်နိုင်ခဲ့တယ်။ သူတို့ လာချင်ရင်
Home Stay ရှိရမယ်လို့ မသိခဲ့တာက စမှားသွားတာ။ အရာရှိဟောင်းကြီး
တစ်ယောက်ကို မေးကြည့်တော့ "ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ပါဘူး"တဲ့။ နောက်ထပ်
ဒီလို မဖြစ်ရအောင် ကျောင်းထဲမှာ အင်တာနေရှင်နယ် ဧည့်ရိပ်သာ ဖွင့်ထားဖို့
အကြံပေးတဲ့ အလားတူ ကူညီချင်သူ တစ်ယေက်ရဲ့ အကြံပေးချက်ကတော့
ကောင်းလွန်းနေတယ် ထင်ပါတယ်။ ဘာမှမလွယ်တဲ့ လောကထဲက ငါ့လောကကများ
ပိုခက်နေရော့သလား။
:)
ရှင်အာစာရ
No comments:
Post a Comment