Q: “I have children. How can I meditate or say prayers in the morning when they need my attention?"
မေး။ ။ “တပည့်တော်မှာ သားသမီးတွေ ရှိပါတယ်။ မနက်ခင်းမှာ သူတို့ကို အာရုံစိုက်နေရတော့ တရားထိုင်တာ ဘုရားရှိခိုးတာ ဘယ်လို လုပ်ရပါ့မလဲ ဘုရား။”
ဖြေ။ ။ “ဒီမေးခွန်းဟာ သားရေးသမီးရေး အိမ်ထောင်ရေး ကိစ္စတွေ ကျေပွန်ချင်တယ်၊ ဘုရားရှိခိုး တရားထိုင်စတဲ့ ဘာသာရေး လုပ်ငန်းတွေကိုလည်း လက်မလွှတ်ချင်ဘူးဆိုတဲ့ အိမ်ထောင်ရှင်တွေ အထူးသဖြင့် မိခင်တွေကို ကိုယ်စားပြုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဖြေရှာကြည့်ရအောင်။
နည်းလမ်းတစ်ခုကတော့ ကလေးတွေထက်စောပြီး အိပ်ယာထခြင်း ဖြစ်ပါတယ်။ ဥပမာ ဘာသာရေးလုပ်ဖို့ နာရီဝက်ကြာမယ်ဆိုရင် ကိုယ်က နာရီဝက်ကျော်ကျော် ကြိုပြီး အိပ်ယာထလိုက်ရင် အဆင်ပြေပါလိမ့်မယ်။ အလွယ်ဆုံး အရှင်းဆုံး ပြဿနာ ဖြေရှင်းနည်းပေါ့။
နောက်တစ်နည်းကတော့ ကလေးတွေကိုပါ ကိုယ်နဲ့အတူ တရားထိုင်ခိုင်းခြင်း၊ ဘုရားရှိခိုးခိုင်းခြင်း ဖြစ်ပါတယ်။ လေး ငါး ခြောက်နှစ်အရွယ် ကလေးတွေဆိုရင် ကိုယ်နဲ့အတူ ပူးပေါင်းနိုင်ကြပါပြီ။ ကလေးတွေဟာ လူကြီးကို အတုခိုးတတ်ကြပါတယ်။ အထူးသဖြင့် ကလေးတော်တော်များများဟာ သာယာပြေပြစ်တဲ့ ငြင်သာသိမ်မွေ့တဲ့ ဘုရားရှိခိုးသံကို သီချင်းနာထောင်ရသလို စိတ်ဝင်စားတတ်ကြပါတယ်။
ကလေးမို့ ဘုရားရှိခိုးဖို့ တရားထိုင်ဖို့ စိတ်မ၀င်းစားဘူး ဆိုရင်လည်း ပြဿနာ မဟုတ်ပါဘူး။ တရားထိုင်မယ့် ဘုရားရှိခိုးမယ့် အချိန်လေး အတွင်းမှာ လွတ်လပ်မှု နဲ့ တိတ်ဆိတ်မှု လိုအပ်တဲ့အကြောင်း ရှင်းပြမယ်ဆိုရင် စောစောထတတ်တဲ့ သားတို့သမီးတို့ နားလည်လက်ခံနိုင်ပါလိမ့်မယ် ။ ကိုယ် တရားထိုင်နေတုန်း ဘုရားဝတ်ပြုနေတုန်း ကလေးက ကိုယ့်ဘေးနားလာပြီး စာဖတ်နေမယ် အရုပ်ကြည့်နေမယ် အရုပ်ဆွဲနေမယ် တိတ်တိတ်ဆိတ်ဆိတ် ကစားနေမယ်ဆိုရင် ပြဿနာ မဟုတ်ပါဘူး။ ကိုယ့်ရင်ခွင်ထဲ အသာလေး လာအိပ်တယ် ဆိုရင်တောင် ကိုယ့်အတွက် အနှောင်အယှက် မဟုတ်ပါဘူး။
မိဘတွေ တရားထိုင်နေတာ ဘုရားဝတ်ပြုနေတာကို မြင်လိုက်ရဖို့ဆိုတာဟာ ကလေးတွေအတွက် အဖိုးတန်တဲ့ မြင်ကွင်း ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ မိဘတွေကို ကြည့်ပြီး ကလေးတွေလည်း အတုခိုးချင်စိတ် ပေါက်လာနိုင်တာပေါ့။ အမေနဲ့ အဖေက အမြဲတမ်း အလုပ်ရှုပ်နေမယ်၊ ပြေးလွှားနေရမယ်၊ ဖုန်းပြောနေရမယ်၊ စိတ်ပန်းကိုယ်ပန်း ဖြစ်နေကြမယ်၊ တီဗီရှေ့မှာ ကွန်ပျူတာရှေ့မှာ ဆိုရင် ကလေးတွေလည်း အဲဒီလိုပဲ ဖြစ်လာမှာပေါ့။ ကလေးတွေကို အဲဒီလို ဖြစ်စေချင်သလား။ ကလေးတွေကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် သိမ်သိမ်မွေ့မွေ့ သိမ်းသွင်းတတ်ဖို့ လိုပါတယ်။ စံပြနေထိုင်ခြင်းဟာ အကောင်းဆုံး သင်ပြနည်း ဖြစ်ပါတယ်။
မနက်စောစော သားသမီးတွေကို ရေးချမ်းကပ်ပုံ ပန်းကပ်ပုံ ဆွမ်းကပ်ပုံ သင်ပေးနိုင်ပါတယ်။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” “နမော တဿ” အစရှိတဲ့ လွယ်ကူတဲ့ ဘုရားစာလေးတွေ သင်ပေးနိုင်ပါတယ်။ သေသေသပ်သပ် ရှိခိုးဦးချတတ်အောင် သင်ပေးနိုင်ပါတယ်။ သစ်သီး နဲ့ မုန့်ပဲသွားရည်စာ တစ်မျိုးမျိုး ဆွမ်းတော်ကောက်ပြီး ကလေးတွေကို ပေးလိုက်တယ်ဆိုရင် ကလေးတွေ ပျော်မှာပေါ့။ ဒီလိုနည်းနဲ့ပဲ သုံးလေးနှစ်အရွယ် ကလေးတွေကို ဘုရားတရားနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ ရက်ရောမှု နဲ့ မျှဝေသုံးစွဲမှုကိုပါ သင်ကြားပေးပြီး ဖြစ်ပါလိမ့်မယ်။
အိမ်မှုကိစ္စ တောက်တိုမယ်ရ လုပ်နေရင်း ကိုယ်ကဘုရားစာ တစ်မျိုးမျိုး ရွတ်နေမယ်ဆိုရင် နာထောင်ရတဲ့ ကလေးတွေ ကျေနပ်ကြည်နူးနိုင်ပါလိမ့်မ ယ်။ ကိုယ်ရွတ်ပါများလို့ သူတို့ပါ နားရည်ဝပြီး ရွတ်တတ်လာဖို့ ရည်ရွယ်ချက်နဲ့ တိုတာ လွယ်တာလေးတွေ ရွတ်သင့်ပါတယ်။ သူတို့လည်း ရွတ်ရဖတ်ရတာ ပျော်ပါလိမ့်မယ်။ အထူးသဖြင့် ကြောက်ရွံ့အားငယ်ရချိန်မှာ အားကိုးရာ အနေနဲ့ ရွတ်စရာ ရှိလာတာပေါ့။”
:)
ရှင်အာစာရ
မေး။ ။ “တပည့်တော်မှာ သားသမီးတွေ ရှိပါတယ်။ မနက်ခင်းမှာ သူတို့ကို အာရုံစိုက်နေရတော့ တရားထိုင်တာ ဘုရားရှိခိုးတာ ဘယ်လို လုပ်ရပါ့မလဲ ဘုရား။”
ဖြေ။ ။ “ဒီမေးခွန်းဟာ သားရေးသမီးရေး အိမ်ထောင်ရေး ကိစ္စတွေ ကျေပွန်ချင်တယ်၊ ဘုရားရှိခိုး တရားထိုင်စတဲ့ ဘာသာရေး လုပ်ငန်းတွေကိုလည်း လက်မလွှတ်ချင်ဘူးဆိုတဲ့ အိမ်ထောင်ရှင်တွေ အထူးသဖြင့် မိခင်တွေကို ကိုယ်စားပြုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဖြေရှာကြည့်ရအောင်။
နည်းလမ်းတစ်ခုကတော့ ကလေးတွေထက်စောပြီး အိပ်ယာထခြင်း ဖြစ်ပါတယ်။ ဥပမာ ဘာသာရေးလုပ်ဖို့ နာရီဝက်ကြာမယ်ဆိုရင် ကိုယ်က နာရီဝက်ကျော်ကျော် ကြိုပြီး အိပ်ယာထလိုက်ရင် အဆင်ပြေပါလိမ့်မယ်။ အလွယ်ဆုံး အရှင်းဆုံး ပြဿနာ ဖြေရှင်းနည်းပေါ့။
နောက်တစ်နည်းကတော့ ကလေးတွေကိုပါ ကိုယ်နဲ့အတူ တရားထိုင်ခိုင်းခြင်း၊ ဘုရားရှိခိုးခိုင်းခြင်း ဖြစ်ပါတယ်။ လေး ငါး ခြောက်နှစ်အရွယ် ကလေးတွေဆိုရင် ကိုယ်နဲ့အတူ ပူးပေါင်းနိုင်ကြပါပြီ။ ကလေးတွေဟာ လူကြီးကို အတုခိုးတတ်ကြပါတယ်။ အထူးသဖြင့် ကလေးတော်တော်များများဟာ သာယာပြေပြစ်တဲ့ ငြင်သာသိမ်မွေ့တဲ့ ဘုရားရှိခိုးသံကို သီချင်းနာထောင်ရသလို စိတ်ဝင်စားတတ်ကြပါတယ်။
ကလေးမို့ ဘုရားရှိခိုးဖို့ တရားထိုင်ဖို့ စိတ်မ၀င်းစားဘူး ဆိုရင်လည်း ပြဿနာ မဟုတ်ပါဘူး။ တရားထိုင်မယ့် ဘုရားရှိခိုးမယ့် အချိန်လေး အတွင်းမှာ လွတ်လပ်မှု နဲ့ တိတ်ဆိတ်မှု လိုအပ်တဲ့အကြောင်း ရှင်းပြမယ်ဆိုရင် စောစောထတတ်တဲ့ သားတို့သမီးတို့ နားလည်လက်ခံနိုင်ပါလိမ့်မယ်
မိဘတွေ တရားထိုင်နေတာ ဘုရားဝတ်ပြုနေတာကို မြင်လိုက်ရဖို့ဆိုတာဟာ ကလေးတွေအတွက် အဖိုးတန်တဲ့ မြင်ကွင်း ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ မိဘတွေကို ကြည့်ပြီး ကလေးတွေလည်း အတုခိုးချင်စိတ် ပေါက်လာနိုင်တာပေါ့။ အမေနဲ့ အဖေက အမြဲတမ်း အလုပ်ရှုပ်နေမယ်၊ ပြေးလွှားနေရမယ်၊ ဖုန်းပြောနေရမယ်၊ စိတ်ပန်းကိုယ်ပန်း ဖြစ်နေကြမယ်၊ တီဗီရှေ့မှာ ကွန်ပျူတာရှေ့မှာ ဆိုရင် ကလေးတွေလည်း အဲဒီလိုပဲ ဖြစ်လာမှာပေါ့။ ကလေးတွေကို အဲဒီလို ဖြစ်စေချင်သလား။ ကလေးတွေကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် သိမ်သိမ်မွေ့မွေ့ သိမ်းသွင်းတတ်ဖို့ လိုပါတယ်။ စံပြနေထိုင်ခြင်းဟာ အကောင်းဆုံး သင်ပြနည်း ဖြစ်ပါတယ်။
မနက်စောစော သားသမီးတွေကို ရေးချမ်းကပ်ပုံ ပန်းကပ်ပုံ ဆွမ်းကပ်ပုံ သင်ပေးနိုင်ပါတယ်။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” “နမော တဿ” အစရှိတဲ့ လွယ်ကူတဲ့ ဘုရားစာလေးတွေ သင်ပေးနိုင်ပါတယ်။ သေသေသပ်သပ် ရှိခိုးဦးချတတ်အောင် သင်ပေးနိုင်ပါတယ်။ သစ်သီး နဲ့ မုန့်ပဲသွားရည်စာ တစ်မျိုးမျိုး ဆွမ်းတော်ကောက်ပြီး ကလေးတွေကို ပေးလိုက်တယ်ဆိုရင် ကလေးတွေ ပျော်မှာပေါ့။ ဒီလိုနည်းနဲ့ပဲ သုံးလေးနှစ်အရွယ် ကလေးတွေကို ဘုရားတရားနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ ရက်ရောမှု နဲ့ မျှဝေသုံးစွဲမှုကိုပါ သင်ကြားပေးပြီး ဖြစ်ပါလိမ့်မယ်။
အိမ်မှုကိစ္စ တောက်တိုမယ်ရ လုပ်နေရင်း ကိုယ်ကဘုရားစာ တစ်မျိုးမျိုး ရွတ်နေမယ်ဆိုရင် နာထောင်ရတဲ့ ကလေးတွေ ကျေနပ်ကြည်နူးနိုင်ပါလိမ့်မ
:)
ရှင်အာစာရ
-----
ရည်ညွှန်း -
pp 17-18, “Dealing with Life's Issues, a Buddhist Perspectivs” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)
ပန်းချီ - ပေါ်ဦးသက်

No comments:
Post a Comment