Sunday, October 17, 2010

Kyi Aye - ကြည်အေး

Image from (17 Oct '10): http://thiha76.files.wordpress.com/2008/07/sayatayafrombeauty6679.jpg
ကြောက်စရာတော့ မောင်ကြီးရေ၊
တစ္ဆေ လိုက်လာနေ။
တောမြိုင်ယံဗွေ ညနက်ထဲ၊
နှစ်မ အော်ရင်း ခွေယိုင်လဲ။

တစ္ဆေဟုတ်ဘူး နှစ်မငယ်၊
အရိပ်မဲ လေကွယ်။
အားပေးရှာတယ် ဖုန်းမောင်လည်း၊
ကြောက်ဒူး တုန်တာပဲ

အိပ်မက်လေနု မအေးနိုင်၊
နုံးနွဲ့ခွေခွေယိုင်။
သံပြိုင် မပီ မေတ္တာတေး၊
နွမ်းလျ အိမ်နဲ့ဝေး။

:)
ရှင်အာစာရ

No comments:

Post a Comment