"ကမ္မဝိပါကော အစိန္တေယျော။ ကံရဲ့အကျိုးပေးပုံ ဆန်းကြယ်လွန်းလို့ ဘယ်သူမှ မကြံဆနိုင်ဘူး။ ဘယ်သတ္တဝါ ဘယ်ကံကြောင့် ဘာအကျိုးပေးဆိုတာကို ဘယ်သူမှ တိတိကျကျ မသိနိုင်ဘူး။ ဘုရားဟောလို့ သိရတာ။ သတ္တဝါတွေမှာ ကုသိုလ် အကုသိုလ် ကံမျိုးစုံ၊ ကောင်းကျိုးဆိုးကျိုး အကျိုးမျိုးစုံ။ ကွယ်လွန်သူကို ရည်စူးပြီး ပြုလုပ်တဲ့ ကျန်ရစ်သူ မိသားစုရဲ့ ကောင်းမှု။ ကုသိုလ်ကံ။ ဒီကံက သွားလေသူအတွက် ကောင်းကျိုးအထောက်အပံ့ ဖြစ်စေနိုင်တယ်။
ဒီဘက်က ကုသိုလ်က သွားလေသူကို ထောက်ပံ့နိုင်တယ် ဆိုပေမယ့် အတ္တာ ဟိ အတ္တနော နာထော။ ကိုယ်လုပ်မှ ကိုယ်ရတာ။ ကိုယ့်ကံကို ကိုယ်ပြုရတာ။ ကျန်ရစ်သူ မိသားစု လုပ်ပေးနေတာကို သွားလေသူ သာဓုခေါ်နိုင်မှ။ သူသာဓုခေါ်မှ သူကုသိုလ်ရမှာ။ သူကျေနပ်မှ၊ သူဝမ်းသာမှ သူကုသိုလ်ရမှာ။ ဒီဘက်က ကူညီပေးတာ။
သွားလေသူက ဘဝသစ်မှာ ဒီဘက်က ပေးတဲ့ အကူအညီ လိုချင်မှ လိုမယ်။ သိချင်မှလည်း သိမယ်။ လိုအပ်တယ်၊ သိနိင်တယ်၊ ကျေကျေနပ်နပ် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တယ်နိုင်ဆိုရင် အကျိုးရပါစေ။ အကျိုးပေးဆန်းကျယ်တဲ့ ကုသိုလ်ကံ ထူထောင်နိုင်ပါစေ။"

No comments:
Post a Comment